#LocalNews
Published_ 23 March 2023

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်အထိ ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၁ သိန်းတင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ကသိရသည်။

ကုန်သည်တွေအနေနဲ့ ပြောင်းကို လွတ်လွတ်လပ်လပ်တင်ပို့နိုင်ပြီးMOU ထိုးစရာမလိုကြောင်းနှင့်လက်ရှိတွင် နိုင်ငံပေါင်း ၇၀ ကို ပဲ၊ ပြောင်း၊ နှမ်းတင်ပို့လျက်ရှိကြောင်းကသိရသည်။

နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်အတွင်းစိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၁ ရက်မှစတင်ပြီး အခွန်ကင်းလွတ်ခွင့်ဖြင့် သြဂုတ်လ ၃၁ ရက်အထိ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့ပြောင်းကို ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဗိယက်နမ်၊ဖိလစ်ပိုင်အန္ဒိယအပါအဝင်နိုင်ငံအများအပြားကဝယ်ယူလျက်ရှိသည်။

ပြောင်းတင်ပို့ရာတွင် နယ်စပ်မှတင်ပို့နေသည့် ကုန်သည်အချို့သည် ၆၅-၃၅ စနစ်ကြောင့် အဆင်မပြေမှုများရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ymg/ppk
#Yangon-Media-Group