Published 17 April 2022

 မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၄၂ ဦးအပါအဝင် အကျဉ်းသား ၁၆၁၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီအတွက် ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ဆွေမျိုးသားချင်းတွေက လွတ်မြောက်လာနိုင်မယ့် သူတွေကို သွားရောက်မျှော်လင့်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒါပေမယ့် ယခုထက်ထိတော့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူးလို့ အေအက်ဖ်ပီက ပြောပါတယ်။

Video: AFP

Published 17 April 2022 မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၄၂ ဦးအပါအဝင် အကျဉ်းသား ၁၆၁၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့"/>