#LocalNews
Published - 17 Apr 2022

 

စင်ကာပူနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုတဲ့မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံခြားသားများကို ဧပြီလ ၁၇ရက် ယနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၃၉ မိနစ်တွင် ပထမဦးဆုံးအကြိမ် Commercial Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002 သည် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

 

ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲတဲ့ Commercial Flight တွင် ခရီးသည် စုစုပေါင်း (၁၂၄)ဦး လိုက်ပါလာကြပြီး ပထမဦးဆုံးအဖြစ် ယနေ့ ပြန်လည်ပြေးဆွဲသည့် Commercial Flight တွင် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group