#Local_News
Published - 15 Jan 2022
မြန်မာနိုင်ငံကိုရောက်ရှိလာသော အမေရိကန်နိုင်ငံသား ၂ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသရန် အသိပေးသော်လည်း ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ကုသမည်ဆိုပြီး အမေရိကန်သံရုံးက ခေါ်သွားခဲ့သည့် ဖြစ်စဉ်ကို သံရုံးက  ကြေညာချက် တစ်စုံတစ်ရာမထုတ်ပြန်ခြင်း အပေါ် အံ့အားသင့်ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားလိုက်ပါတယ်။

အဆိုပါ  ပြောကြားမှုကို  (ဇန်နဝါရီလ ၁၄)ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း
ဖြစ်ပါတယ်။

"အမေရိကန်သံရုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရေငုံနှုတ်ပိတ် နေတာကလည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနိုင်ငံကြီးရဲ့ သဘောထားအမှန်ကို မြန်မာပြည်သူ
သိအောင်၊ ကမ္ဘာက သိအောင် ပြသလိုက်တာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ထို့အတူ ဘာပဲဖြစ်ဖြစ် ရေးမယ်ဆိုတဲ့ ပြည်ဖျက်မီဒီယာတွေ ရဲ့ မီဒီယာ အပင်းဝင်ပြီးတော့ ဘာမှ မပြောဆို နိုင်မှုကိုလည်း အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်"လို့ ၎င်းက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်က မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်ဝင်ရောက်ခဲ့သည့် အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦး ဆရာစံဟိုတယ်၌ Quarantine နေထိုင်စဉ် ဓါတ်ခွဲခန်းစစ်ဆေးချက်အရ ဇန်နဝါရီလ ၄ ရက်တွင် ကိုဗစ် ပိုးတွေ့ရှိကြောင်း အဖြေရရှိခဲ့ သည့်အပြင် ဇန်နဝါရီလ ၃ ရက်တွင် ထပ်မံရောက်ရှိလာသောအမေရိကန်သံရုံး ဝန်ထမ်းတစ်ဦး Pan Pacific Hotel ၌ Quarantine နေထိုင်နေစဉ် ဓါတ်ခွဲခန်းစစ်ဆေးချက်အရ ဇန်နဝါရီလ ၆ ရက်တွင် ကိုဗစ်ပိုးတွေ့ ရှိကြောင်း အသီးသီး အဖြေထွက်  ပေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့် အစိုးရ သိုမဟုတ် ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက် ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့် ခွင့်ပြုချက်မှ မပါရှိဘဲ ဟိုတယ်သိုလာရောက်ကာ ပိုးတွေ့ ရှိသူ အမေရိကန်နိုင်ငံသားနှစ်ဦးအား ၎င်းတို့၏ အစီအစဉ်ဖြင့် ကုသမည်ဟု ပြောဆို၍ ပြန်လည်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်တယ်လို့လည်း မကြာ သေးမီ ရက်ပိုင်းအတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo - Internet

ymg/kg
#Yangon_Media_Group