Published- 13 Jan 2022
အိုမီခရွန်ဗီဇပြောင်းပိုးကို မြန်မာနိုင်ငံသား(၄၀)ဦးနှင့်နိုင်ငံခြားသား(၂)ဦး စုစုပေါင်း(၄၂)ဦးတွင်ထပ်မံတွေ့ရှိကြောင်း သိရှိရပါတယ်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ ရှိနိုင်တဲ့သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ယနေ့ ဇန်နဝါရီ ၁၃ ရက်က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၄၂)ခု တွေ့ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများမှာ မြန်မာနိုင်ငံသား ၄၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးဖြစ်ပြီး Relief Flight များနဲ့ အိန္ဒိယနိုင်ငံ၊ယူအေအီး၊မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသူများ ဖြစ်ပြီး အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နဲ့လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာတဲ့ ခရီးသည်တွေကိုလည်း အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine) နဲ့ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။
ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများကိုကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိတယ်လို့သိရပါတယ်။
ymg/kg
#Yangon_Media_Group