Published _ 6 Jan 2022
အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၁၅ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကြေညာပါတယ်။ ဇန်နဝါရီ၆ရက်က ထုတ်ပြန်တဲ့၂၀၂၁ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်၍ပဒေကိုပြင်ဆင်သည့်ဥပဒေမှာ ထိုသို့ကောက်ခံမှာကို ထည့်သွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ထိုသို့တိုးမြှင့်ကောက်ခံရတာဟာနိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေဖို့နှင့်အင်တာနက်ကို အလွန်အကျွံ့သုံးစွဲမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကိုလျှော့ချပေးနိုင်ဖို့ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ရှင်းလင်းချက် မှာဖော်ပြထားပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်မှာ "ဖွံ့ ဖြိုးဆဲနိုင်ငံအများစု၏ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုခြင်းအပေါ် အခွန်ကောက်ခံမှုကိုလေ့လာရာတွင် ပုံမှန်ကုန်သွယ်လုပ်ငန်းအခွန်အပြင် ကဏ္ဍအလိုက်သီခြား အခွန် (Sector specific tax)ကိုပါ ကောက်ခံလေ့ရှိကြောင်း၊ ယင်းကဏ္ဍအလိုက် သီခြားအခွန်ကို မြန်မာနိုင်ငံတွင်ကောက်ခံခြင်းမရှိသေးသည်ကို တွေ့ရကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းလျက်ရှိသော စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရန်အတွက် အခြားသောအခွန်ကောက်ခံမှုများကို လျော့ပေါ့ခြင်းဆိုင်းငံ့ခြင်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိကြောင်း" ဖော်ပြထားပါတယ်။
သို့သော်လည်း ဖုန်းခေါ်ဆိုမှုနှင့် SMS သုံးစွဲမှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်ကောက်ခံမည် မဟုတ်ဘူးလို့လည်း သိရပါတယ်။