#LocalPolitics

Published  - 20 Dec 2021

တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနဲ့ ဆက်စပ် ပစ္စည်းများအပါအဝင် နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိသိမ်းဆည်း ထားခြင်းများရှိကြပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ/ နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို ဒီဇင်ဘာလ၃၁ရက်နောက်ဆုံးထား လာရောက်အပ်နှံကြပါရန်နဲ့သတ်မှတ်ရက်ကျော်လွန်ပြီး နောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူခံရမယ်လို့ နစက က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ရာတွင် တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနဲ့ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင်ကာ တိုက်ခိုက်မှုများပြုလုပ်နေကြသလို နယ်စပ်ဒေသများနဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့တို့ကလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့်ပို့ဆောင်နေတဲ့လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသလိုလက်ဝယ် ကိုင်ဆောင်သူများထံမှလည်း ဖော်ထုတ်ဖမ်းဆီး/ သိမ်းဆည်း ရမိလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူအချို့ထံသို့ တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနဲ့ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်း စေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိနေတယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး ကြေညာချက်တွင် မသက်ဆိုင်သူများကို မလိုလား အပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေနိုင်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားကာလက်နက်ခဲယမ်းနဲ့မူးယစ်ဆေးတွေကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ/ နီးစပ်ရာလုံခြုံရေး တပ်ဖွဲဝင်များထံသို့ လာရောက်အပ်နှံကြပါရန်နဲ့ သတ်မှတ်ရက်ကျော်လွန်ပြီး နောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူခံရမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

#YangonMediaGroup