#LocalNews

Published - 15 Dec 2021

 

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ယနေ့ နံနက်၁၀နာရီ မိနစ် ၃၀ခန့်အချိန်တွင် လှည်းကူးမြို့နယ်၊ဇီပင်းဝဲကျေးရွာ၊ရွာလယ်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ဦးမျိုးဦးမှာ နေအိမ်ရှေ့တွင် သန့်ရှင်းရေးပြုလုပ်နေစဥ် အမည်မသိလူ (၂) ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"ပစ်တာကသုံးချက်လို့သိရတယ် ရှပ်မှန်ပြီးတော့ ဆေးရုံပို့လိုက်တယ်ဗျ"လို့ လှည်းကူးမြို့ခံသတင်းသမားတစ်ဦးက ပြောပါတယ်။

 

လတ်တလောမှာ လုံခြုံရေးတပ်ဖွဲ့တွေက မြို့တွင်း မြို့ပြင်သွားလာနေသော ဆိုင်ကယ်များကို တားဆီးစစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးခေါင်းဘယ်ဘက်အခြမ်းကို ရှပ်ထိမှန်ဒဏ်ရာရရှိကာ(မစိုးရိမ်ရ) လှည်းကူးဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။

#Yangon_Media_Group