#LocalNews

Published - 15 Dec 2021

 

ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများလိုက်ပါလာသည့် ယာဥ်တန်းလမ်းကြောင်းပေါ်တွင် မိုင်းထောင်ထားမှု လုံခြုံရေးတပ်ဖွဲ့ရှင်းလင်းခဲ့ရတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 


ဖြစ်စဥ်မှာ မှော်ဘီမှ မြောင်းတကာသို့ နယ်မြေကွင်းဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊လျှပ်စစ်ဝန်ကြီး၊ရင်းနှီးမြုပ်နှံ ဝန်ကြီးနဲ့ဝန်ကြီးအချို့လိုက်ပါမည့် ယာဥ်တန်းလမ်းကြောင်းပေါ်တွင် တိုက်ခိုက်ရန်ထောင်ထားသောမိုင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

"ယာဥ်တန်းနဲ့အဝေးကြီးပါပဲ မိုင်းထောင်ထားတာကိုမိတာပါ ထိခိုက်တဲ့ဖြစ်စဥ်မရှိပါဘူး"လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကအတည်ပြုပြောကြားပါတယ်။

#Yangon_Media_Group