#LocalNews

Published - 9 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗဟိုလမ်းနှင့် သီရိလမ်းထိပ်ရှိ လူနေတိုက်ခန်းတစ်ခုတွင် မီးလောင်မှု ဒီက နေ့ ဒီဇင်ဘာ ၉ ရက်၊ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုကို စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။

 

မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးစားငြိမ်းသတ်ခဲ့မှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် ယင်းမီးလောင်မှုနှင့်ပတ်သက်သည့် ဖြစ်စဥ်အသေးစိတ်ကိုလည်း မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

 

အလားတူ ဒီကနေ့နံနက်အစောပိုင်း ၄ နာရီ ၄၅ မိနစ်မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီအတိမှာ ငြှိမ်းသတ်နိုင် တယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

ဓါတ်ပုံ - MFSD

#Yangon_Media_Group