Published - 29 Sep 2021

ဗီယက်နမ်၊ဖိလစ်ပိုင်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဝယ်လိုအား မြင့်နေတာကြောင့် မြန်မာ့ပြောင်းစိုက်တောင်သူတွေ ဈေးပိုရနေတယ်လို  မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ  ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ပြည်တွင်းဈေးပိုရတာ ဆိုပေမဲ့ FOB ဈေးကတော့ အရင်ဈေးအတိုင်းပဲ ရတာ ဖြစ်လို့ ပြောင်းတင်ပို့တဲ့လုပ်ငန်းက ရမဲ့ ဝင်ငွေဟာ အရင်နှစ်လောက်ပဲ ပမာဏ ရှိမှာ ဖြစ်တယ်လိုလည်း ခန့်မှန်းထားပါတယ်။