ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်ပေးသွင်းမှု အထောက်အထားတွေကိုသတ်မှတ်ချိန်အတွင်း ထုတ်ယူဖို့လိုတယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 8 July 2025
#အခွန်ပေးသွင်းမှုအထောက်အထား #သတ်မှတ်ရက်အတွင်းထုတ်ယူ
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းရှိ မုံရွာနဲ့မော်လိုက်မြို့တွေမှာ ချင်းတွင်းမြစ်ရေနှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်မှာထုတ်ပြန်တဲ့ ရေကြီးခြင်း သတိပေးချက်အရ သိရပါတယ်။
#Local_News
Published 8 July 2025
#မုံရွာနှင့်မော်လိုက် #စိုးရိမ်ရေမှတ်ရောက်ရှိ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)အနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို ငလျင်ပြန်လည် ထူထောင်ရေး ၂နှစ်တာကာလအတွင်းဆက်လက် ကူညီပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 8 July 2025
#MRCS #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
EV လျှပ်စစ်သုံးကားတွေကို အာမခံချက်ရှိတဲ့ ရောင်းချမှု ၊ လျှပ်စစ်မီး မှန်တာ၊ အားသွင်းရုံလုံလောက်တာတွေပြည့်စုံပါက သုံးစွဲသူတွေ ပိုစိတ်ဝင်စား လာကြပြီး ဝယ်ယူသူတွေပိုများလာနိုင်သလို ဈေးကွက်လည်း ပိုကောင်းလာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 8 July 2025
#EVကားဈေးကွက် #မော်တော်ယာဉ်ထုတ်လုပ်ရေး
#YMG/NN #Yangon_Times
#Local_News
Published 8 July 2025
▪️ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် သုံးဦးတွေ့ရှိခဲ့ပြီး နာတာရှည်ရောဂါနှင့် အသက်အရွယ်ကြီးသူများကာကွယ်ဆေး ထိုးနှံရန်တိုက်တွန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) ၏ ယမာန်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့၊ ည ၈နာရီမှ ဇူလိုင် ၆ရက်နေ့၊ ည ၈နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၃၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃)ဦး တွေ့ရှိရကြောင်း သိရသည်။
▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၆)ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း သိရသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 July 2025
▪️ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် သားရေကွင်းမှိုင်းရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၈ ရက်နေ့၊ မနက် ၁နာရီ ၄၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ကန်ကြီးရပ်၊ သတိပဌာန်(၆)လမ်းတွင် သားရေကွင်းမှိုင်းရုံ(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ကမာဝက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ကုန်းကျေးရွာ အရန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၂ နာရီ ၁၇ မိနစ်အချိန် ၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 July 2025
▪️ ယမန်နေ့မနက်အစောပိုင်းက ရန်ကုန်-မန္တလေအမြန်လမ်းမကြီးပေါ်တွင် ခြောက်ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွါးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ (၇.၇.၂၀၂၅.ရက်နေ့၊ နံနက် ၀၅ နာရီ မိနစ်၄၀)အချိန်တွင် ရန်ကုန်-မန္တလေအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၆၆/၂-၃)ဖာလုံကြား၌ ယာဉ်မတော်ဆမှုဖြစ်ပွားကြောင်းသတင်း၍၊ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းနှင့် အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းတို့မှ တာဝန်ရှိသူများ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော၊ဂေါ်ဖီထုပ်များတင်ဆောင်မောင်းနှင်လာသော MITSUBISHI FUSO အမျိုးစား၊ ပြာ/စိမ်း/ခဲရောင်(၆)ဘီးယာဉ်သည် အဆိုပါမိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းအစပ်သို့ ရောက်ရှိပြီး လမ်းပေါ်သို့ပြန်လည်ဆွဲယူမောင်းနှင်စဉ်လမ်းမကြီးပေါ်ဘေးတစ်စောင်းတိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း၊
ယာဉ်မတော်တဆမှုကြောင့်၊ ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ ကျား(၂)ဦးတို့ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 138 of 2222