တရုတ်ကော်ဖီပြပွဲ CAFE SHOW CHINA 2025 မှာ ပူးပေါင်းပါဝင်ဖို့ မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်တွေကို ဖိတ်ကြားထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 21 May 2025
#တရုတ်ကော်ဖီပြပွဲ #CAFE_SHOW_CHINA_2025
#YMG/SW #Yangon_Times
နိုင်ငံအဝှမ်းမှာ လုပ်ကိုင်နေကြတဲ့ MSMEလုပ်ငန်းတွေမှာ လုပ်သားလေးသိန်းကျော် အထိအမှီပြုလုပ်ကိုင်နေကြပြီး တိုင်းနဲ့ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေတယ်လို့ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
#Local_News
Published 21 May 2025
#MSMEလုပ်ငန်း #လုပ်သားလေးသိန်းကျော်လုပ်ကိုင်နေ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တစ်ဉီး စတင်တွေ့ရှိလာပြီး လေဆိပ်နဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေကို ကြပ်မတ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၁၉ ရက်နေ့၊ ည (၈) နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 21 May 2025
#ကိုဗစ်-၁၉လူနာသစ်တွေ့ရှိ #လေဆိပ်နှင့်ဝင်ထွက်ပေါက်များကြပ်မတ်
#YMG/NN #Yangon_Times
#Local_News
Published 21 May 2025
▪️ ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး စီမံချက်များရေးဆွဲမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊အစည်းအဝေးမှ သိရသည်။
▪️ အဆိုပါအစည်းအဝေးကို၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင် ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် (ဌ) ဖြစ်သည့် “ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအကြား အကြံဉာဏ်များနှင့် အတွေ့အကြုံများဖလှယ်နိုင်ရေး အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲများနှင့် Working Level အဆင့်အစည်းအဝေးများ ပုံမှန်ကျင်းပရန်” နှင့်ပတ်သက်၍ကျင်းပခြင်းဖြစ်ပြီးမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းဦးဆောင်၍သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ In person ဖြင့် ၂၈ ဦး၊ Online ဖြင့် ၂၄ ဦး၊ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ေကြာင်း သိရသည်။
▪️ အစည်းအဝေးတွင် ကုန်သွယ်မှုမြှင်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍ အလိုက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ကဏ္ဍများ အလိုက် ပို့ကုန်တိုးမြှင့်ရေး၊ ဈေးကွက်အသစ်ဝင်ရောက်ရေးနှင့် ပို့ကုန်အမယ်အသစ် တိုးမြှင့်တင်ပို့နိုင် ရေးအတွက် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ဖြေလျော့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ ထို့နောက် ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များအားလုံးက အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာတွင် ဆက်လက်ပါဝင်လိုကြောင်း ဆွေးနွေးခဲ့ပြီး၊ ပို့ကုန်မြှင့်တင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး စီမံချက်များရေးဆွဲတင်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 May 2025
▪️ ပြင်ဦးလွင်မြို့နယ်၌ ယနေ့မနက်အစောပိုင်းတွင် အိမ်စီးကား တစ်စီးအပေါ် ညောင်ပင်ပိမိ၍ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ မေလ၂၁ ရက်နေ့၊ မနက်၇ နာရီ ၂၈ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ မန္တလေး-လားရှိုးလမ်းတွင် လုံးပတ်(၅)၊ အမြင့်(၃၀)ပေခန့်ရှိညောင်ပင်(၁)ပင်သည် ဆွေးမြေ့လဲကျ၍ ကား(၁)စီးပေါ်ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 May 2025
▪️ မေလ ၂၀ ရက်မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စက်ချွတ်ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ်တစ်စင်းသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက်မီတာ ၁၄၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရုတ်တရက်စက်ချွတ်ယွင်းမှုဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 May 2025
▪️ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ၌ စားသုံးဆီအမျိုးမျိုး၊ရေနှင့် စားသောက်ကုန်များ၏ အရည်အသွေးများအားစစ်ဆေးပေးနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်တာ၌ စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အပြင် စားသောက်ကုန်များ၏ အရည်အသွေးများဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်များ၊ လူကိုအကျိုးပြုသည့် သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Protein analyzer ၊ Fat Analyzer ၊ Fiber analyzer စသည့် အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာပစ္စည်းများဖြင့် ဓာတ်ခွဲတိုင်းတာပေးသည့်အပြင် စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးများ၊ သောက်ရေ၊ သုံးရေနှင့် စွန့်ပစ်ရေများ၏ အရည်အသွေးများ၊ ရေများတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Atomic Absorption Spectrometer စက်များဖြင့် တိုင်းတာစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ စင်တာသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။
▪️ ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် ဓာတ်ခွဲခန်းအသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်ပြီး တိုင်းတာမှုရလဒ်များ၏ သက်ရောက်မှုသည် ကြီးမားသည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အစဉ်ရှေးရှုကာ အရည်အသွေးစံနှုန်းများနှင့်အညီ အထူးဂရုပြုတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 99 of 2124