#Local_News
Published_ 15 May 2023
မုန်တိုင်းသင့်ဒေသများတွင်ကယ်ဆယ်ပြန်လည်ထူထောင်ရေးအတွက် အလှုငွေ အလှူငွေ ကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်းကျော်ရရှိပြီ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မေလ ၁၄ ရက်က အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါ အလှူငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေများမှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက အလှူငွေကျပ် သိန်း ၁၀၀၀၀ နှင့် စေတနာရှင်၊ အလှူရှင်များက အလှူငွေများက လှူဒါန်းသော အလှူငွေများ အပါအဝင် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ရရှိခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်းသိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေ များကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ “ တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာ ရှိသည် ” ဆိုသည့်အတိုင်း မိမိအနေဖြင့်ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရောပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက် ပါကြောင်း၊ AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာကြောင်း ပြောကြားခဲ့သည်။
ယင်းအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မောင်အုန်း နှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ymg/pl
#Local_News #မုန်တိုင်းသင့်ဒေသများ #ကယ်ဆယ်ပြန်လည်ထူထောင်ရေး #အလှူငွေကျပ်သိန်းပေါင်းတစ်သိန်းသုံးသောင်းကျော်ရရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော်နိုင်ငံခြားငွေအထက်ပမာဏအား ပြည်ပသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက အခွန်ထမ်းအသစ်ဖြစ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနမှထုတ်ပေးထားသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ် အထောက်အထားတင်ပြရမှာဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာမှထုတ်ပြန်ထားသည်။
ဒါ့အပြင်အတိုး၊လိုင်စင်၊ကုန်အမှတ်တံဆိပ် ၊ ခိုင်ကြေး ၊ မူပိုင်ခွင့်အတွက်ပေးချေငွေ ၊ ၀န်ဆောင်ခပေးချေငွေ အမျိုးအစားဖြစ်ပါက Withholding Tex နုတ်ယူပေးသွားထားပြီးဖြစ်ကြောင်း သို့မဟုတ် အခွန်ကျသင့်ခြင်းမရှိကြောင်း သက်ဆိုင်ရအခွန်ရုံးမှထုတ်ပေးထားအထောက်အထား များကိုတင်ပြရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်အကောက်များ အပြေကြေပေးဆောင်ထားပြီးခြင်းရှိ/မရှိ၊ အခွန်စာရင်းရှင်းထားမူတို့ကို ဆောင်ရွက်ထားခြင်းရှိမရှိ ကို မေလ ၁ရက်နေကစပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များက စိစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
ymg/ynzw
#Local_News #အမေရိကန်ဒေါ်လာ #ပြည်ပသို့လွှဲပြောင်းရာတွင်အခွန်ပေးဆောင်မူပြေစာ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံတွင် မေလ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်း၍ ရှေးဟောင်းပစ္စည်းများအနည်းငယ်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာခွဲ က သိရသည်။
ပျက်စီးခဲ့သော ရှေးဟောင်းပစ္စည်းများမှာ ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံ ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင် ၊ ပုထိုးသားများဘုရား၊ သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း ၊ စူဠာမဏိဘုရားကြီးအတွင်း၊အာနန္ဒာဘုရားကြီးအတွင်း၊အနော်ရထာမင်းကြီး နန်းတော်ရာအဆောင်(B)တို့ ဖြစ်ကြောင်း သိရသည်။
ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံမှာ အလျား(၁၅)ပေ၊ အကျယ်(၂.၅)ပေ၊ အမြင့် (၈)ပေခန့်အုတ်များပဲ့ကျခဲ့ကာ (ဝ.၀၁)ရာခိုင်နှုန်းခန့်ပျက်စီးရှိခဲ့ကာ ဆက်လက်ပဲ့ကျမှုမရှိစေရေး မိုးကာများဖြင့် အုပ်မိုးထားကြောင်းသိရသည်။
ယင်းအပြင် ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်မြောက်ဘက်တံတိုင်း ချင်းမိတ် တိုး အလျား(၈)ပေ၊ အနံ(၂)ပေခန့်ပြိုကျကာ(ဝ.၀၁) ခန့် ၊ သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း အလျား(၁၃)ပေ၊ အမြင့်(၃)ပေ၊ ထု (၁)ပေနှင့် (၄) လက်မခန့်ပဲ့ကျခဲ့ကာ (ဝ.၀၅)ရာခိုင်နှုန်းခန့်၊ပုထိုးသားများဘုရား အရှေ့ဆင်ဝင်မျက်နှာစာ အလျား(၁၅)ပေ၊ ထု(၃)ပေ ခန့် အုတ်တစ်လွှာပဲ့ကျခဲ့ကြောင်း သိရသည်။
အလားတူ အာနန္ဒာဘုရားကြီးအတွင်း ရေဝင်ရောက်နေသည့်အတွက် ရေစက်စုပ်(၂)လုံးဖြင့်လည်းကောင်း၊ စူဠာမဏိဘုရားကြီးအတွင်း မိုးသည်းထန်ပြီးရေဝင်ရောက်မှုကြောင့် ရေစုပ်စက် (၇)လုံးဖြင့်လည်းကောင်း၊အနော်ရထာမင်းကြီး နန်းတော်ရာအဆောင်(B) ရေဝင်ရောက်နေသည့်အတွက် ရေစုပ်စက်(၂)လုံးဖြင့်လည်းကောင်း စုပ်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
မကွေးတိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရေမျောအဖိုးအိုနှင့် သစ်ပင် နေအိမ်ပိသူများအပါအဝင် သဘာဝဘေးကြုံတွေ့သူများအား မြန်မာနိုင်ငံကြက် ခြေနီအသင်းမှကူညီကယ်ဆယ်ခဲ့ကြောင်းသိရသည်၊၊
၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့က မကွေးတိုင်းဒေသကြီးတွင်းသို့ ဆိုင်ကလုံးမုန်တိုင်းမိုခါဝင်ရောက် ခဲ့မှုကြောင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုအား မြို့နယ်အသီးသီးရှိ ကြက်ခြေနီစေတနာ လုပ်အားရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း လုပ်ငန်း များကို ကူညီဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်၊၊
ဆင်ဖြူကျွန်းမြို့၊ ရမ်းဘိုကုန်းရွာတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ၍ သစ်ပင်ပေါ်တွင် နေရသော သားအမိ (၂) ဦးအား ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ပေးခဲ့ကြောင်း၊အလားတူ စကုမြို့တွင် မိုခါတိုက်ခတ်မှုကြောင့် အသက် (၈၂) နှစ်အရွယ်ယာခင်းစောင့် အဖိုးအိုတစ်ဦး မန်ချောင်းရေလည်သို့ မျောပါသွားရာ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သွားရောက်ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ပြန်ထားသည်၊၊
ymg/tthl
#Local_News #မကွေးတိုင်း #မုန်တိုင်းမိုခါ # ရေမျောအဖိုးအို #ကူညီကယ်ဆယ်
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ဆိုက်ကလုန်းမုန်တိုင်းမိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် နစကမှမေလ(၁၅)ရက်တွင်ကြေညာလိုက်ကြောင်း သိရသည်၊၊
အဆိုပါမြို့နယ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၁၁အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာလိုက်ခြင်းဖြစ်သည်၊၊
သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊မာန်အောင်၊ရမ်းဗြဲ၊အမ်း၊စစ်တွေ၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဂွ၊တောင်ကုတ်၊သံတွဲ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မင်းပြား၊မြောက်ဦး၊မြေပုံမြို့နယ်များပါဝင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရခိုင်ပြည်နယ် #သဘာဝဘေးအန္တရာယ် #မြို့နယ်(၁၇)ခု #ကျရောက်သောဒေသမျာ #YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်း ပထမ ဆုရရှိပါက ကန်ဒေါ်လာ တစ်သိန်း ဆုချီးမြှင့်မည်ဟု နစက ဥက္ကဌ က ပြောကြားထားတယ်လို့သိရပါတယ်။
အကယ်၍ ဒုတိယဆုသာ ရရှိပါကလည်း ကန်ဒေါ်လာ ၅ သောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ၊ အလားတူ မြန်မာအမျိုးသားဘောလုံးအသင်း အနေဖြင့် တတိယ ဆုရရှိလျှင် ကန်ဒေါ်လာ ၅ သောင်း ချီးမြှင့်သွားရန် အသီးသီး စီစဉ်ထားကြောင်း သိရပါတယ်။
ယနေ့ မေလ (၁၅) ရက် မြန်မာစံတော်ချိန်ည (၇) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ National Olympic Stadium ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ymg/pl
#Local_News #မြန်မာအမျိုးသမီးဘောလုံးအသင်း #ကန်ဒေါ်လာတစ်သိန်းဆုချီးမြှင့်
#YMG #Yangon_Media_Group
Published 15 May 2023
မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ဝင်များနှင့်တပ်မတော်မှ ထိပ်တန်းအရာရှိကြီးတွေကို မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်း ဆက်လက်ရွေ့လျားရာ လမ်းကြောင်း တစ်လျှောက်၌ လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲ ခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်နစက ဥက္ကဋ္ဌ ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စုဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ပါတယ်။
အစည်းအဝေးတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်နေရာများ၌ သွပ်နှင့် လျှပ်စစ်ဓာတ်အားများလိုအပ်လျက်ရှိမှု၊ မုန်တိုင်းသင့် ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် ယာဉ်အစုအဖွဲ့များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု တို့ကို တင်ပြခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း မုန်တိုင်း တိုက်ခတ်မှု အခြေအနေများ၊ မိုးရွာသွန်းမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက် နိုင်မှုအခြေအနေများကို သုံးသပ်၍ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ မုန်တိုင်းဖြတ် သန်းဝင်ရောက်နိုင်မည့် လမ်းကြောင်းပေါ်ရှိ မြို့ရွာများကို ဆက်သွယ်မှု မပြတ်တောက် စေရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုမုန်တိုင်း ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီးသည့် မြို့၊ ရွာများ၌လည်း ကြိုတင်ပြင်ဆင်ပြောင်းရွေ့ခြင်းများနှင့် အခြားလိုအပ် သည်များကို တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၏ ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများ သေကြေ ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့မှုအခြေအနေတို့ကို လည်း ကောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတင်ပြချက်တွေနှင့်ပတ်သက်ပြီး တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း ဒဏ် သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေး သုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ် များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်၊ လျှပ်စစ် ဓာတ်အား လိုင်းများပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရန်၊ အလားတူ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်၊ မုန်တိုင်းသင့် ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိ နိုင်ရေး ဆောင်ရွက်ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့ လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေး ဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးကြရန် ဗိုလ်ချူပ်မှူးကြီးက ပြန်လည်မှာကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက်ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်နိုင်ရန်အတွက် ဒေသအလိုက်စုပုံထားရှိသည့် အရန် ဆန်များကိုအမြန်ဆုံးပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်း များပေးပို့နိုင်ရေးအတွက် တပ်မတော် လေယာဉ်၊ ရဟတ် ယာဉ်များကို အသင့်ပြင်ဆင် ထားရှိပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရေး အသင့်ပြုလုပ်ထားရှိမှု၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ အပါအဝင် စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် သွပ်နှင့်သွပ်မှိုများ အပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသင့်ပြင်ဆင်၍ အမြန်ဆုံးပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ရေဝင်ရောက်မှုကြောင့် ဝမ်းရောဂါ များဖြစ်ပွားလာနိုင်သဖြင့် သောက်သုံးရေများသန့်ရှင်းမှုရှိစေရေး ရေသန့်စင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊သတိပေးထုတ်ပြန်ချက်များနှင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုအခြေ အနေများကို အချိန်နှင့်တပြေး ညီ သတင်းထုတ်ပြန်မှုများဆောင်ရွက်လျက်ရှိမှုအခြေ အနေတွေကိုရှင်းလင်းတင်ပြခဲ့ကြတယ်လို့သတင်းထုတ်ထားပါတယ်။
ရှင်းလင်းတင်ပြမှုတွေနှင့်ပတ်သက်ပြီး ဗိုလ်ချူပ်မှူးကြီး က မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့် တပြေးညီထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက် အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေ အနေ ဖြင့်ကျော်လွှားနိုင်ခဲ့ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံး ကုန်ပစ္စည်းများ၊ ဆောက် လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုပြတ်တောက်ခဲ့ သည့် ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန်လိုကြောင်း၊ မုန်တိုင်း ဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်း ရန်လိုကြောင်းဖြင့် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) "မိုခါ"(MOCHA)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "မိုခါ"(MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရပါတယ်။
-ymg/knl
#YangonMediaGroup
#Mocha_Cyclone_Myanmar
#မိုခါဆိုင်ကလုန်း_မြန်မာ
Page 956 of 1899