#Local_News
Published_09 May 2024
▪️ ရန်ကုန်တွင် မေလ(၉)ရက်ညနေပိုင်းက မိုးတိမ်တောင်များကြောင့် မြို့နယ်အချို့တွင်မိုးခြိမ်းခြင်း၊မိုးကြိုးပစ်ခြင်းများ၊ လျှပ်စီးလက်ခြင်း၊ မိုးအနည်းငယ်ရွာခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသည်ဟုဆိုသည်။
▪️ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။
▪️ နောက်(၂)ရက် မေလ(၁၀)ရက်နှင့် (၁၁)ရက်အတွက်ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။
#tthl #Yangon_Times
နယ်မြို့စုံကဝယ်လိုအား ပြန်များလာတဲ့အတွက် ရှမ်းခရမ်းချဉ်သီး တစ်ပိဿာကို ကျပ်၁၇၀၀ အထိ ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published 09 May 2024
#ရှမ်းခရမ်းချဉ်သီးဈေးမြင့် #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ဧပြီလအတွင်းပြောင်းတင်ပို့မှုလျာထားချက်ထက်ကျော်လွန် တင်နိုင်ခဲ့ပြီးအိန္ဒိယသို့အဓိက တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကသိရပါတယ်။
#Local_News
Published 09 May 2024
#အိန္ဒိယသို့အဓိကတင်ပို့ #ပြောင်းတင်ပို့မှု
#YMG/ NN #Yangon_Times
#Local_News
Published 9 May 2024
▪️ ဆိပ်ကမ်းများရှိ တစ်နှစ်ကျော်လေလံကုန်သေတ္တာ ၅၁ လုံးရှိ ကုန်ပစ္စည်းများအား မျက်မြင်အတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချရန်လျှောက်လွှာခေါ်ယူနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ လေလံတင်ထုခွဲရောင်းချရေးကော်မတီမှ သိရသည်။
▪️ MIP, AWPT & HPT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံကုန်သေတ္တာ ၅၁ လုံးအတွင်းရှိ CLEAR FLOAT GLASS၊ GALVANIZED IRON WIRE၊ MACHINERY ANDACCESSORIES (USED)၊ တစ်ခါသုံးပလတ်စတစ်ခွက်များ၊ အသုံးပြုပြီးပစ္စည်းများနှင့် ကလေးအသုံးအဆောင်များ၊ သွားတိုက်ဆေးဘူးများ၊ Electrical Goods Accessories၊ BRAND NEW SANITRAY WARE AND ACCESSORIES ALUMINATE မီးခံဘိလပ်မြေအိတ်၊ REFRACTORY BRICKS (မီးခံအုတ်) & POLYESTER RING SPUN SEWING TREAD စသည့် ကုန်ပစ္စည်းများအား လက်ရှိ အမြင်အခြေအနေတိုင်း မေလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်သည်။
▪️ အဆိုပါ တင်ဒါလျှောက်ထားလိုသူများအနေဖြင့် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Troll Gate အနီး) ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် မေလ ၁၀ ရက်မှ ၂၈ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2024
▪️ ရာသီဥတုပူပြင်းသည့်အတွက် တောင်သမန်တံတားနှင့်အင်းသို့ ယခုလအတွင်း လာရောက်လည်ပတ်သူ တစ်ရက်လျှင် လူဦးရေ ၆၀၀ ကျော်အထိ ရှိလာကြောင်း တောင်သမန်တံတားပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ တောင်သမန်အင်းနှင့်တံတားသို့ ဧပြီလနောက်ဆုံးပတ်က လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားမှာ တစ်ရက်လျှင် လူဦးရေ ၄ဝဝ ကျော်သာရှိခဲ့ခြင်းဖြစ်သည်။
▪️ ယခု မေလပထမပတ်အတွင်း၌မူ တစ်ရက်လျှင် လူဦးရေ ၆၀၀ ကျော်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားများလာရောက်လည်ပတ်နေကြကြောင်း သိရသည်။
▪️ ပြည်တွင်း၊ ပြည်ပခရီးသွားများသည် တောင်သမန်အင်းအတွင်းနေဝင်ဆည်းဆာအလှကို ငှက်လှေများဖြင့် ကြည့်ရှုလေ့ရှိကြရာ ငှက်လှေအစီးရေ ၅ဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိနေ ကြောင်းသိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_09 May 2024
▪️ 'ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနား' ကိုမေလ (၈)ရက်၊ကမ္ဘာ့ကြက်ခြေနီနေ့တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားတွက်အသက် (၆၅)နှစ်ပြည့်သည်အထိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအဖြစ်တာဝန်ထမ်းခဲ့သူများကိုဂုဏ်ပြုခဲ့သလို ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့သည်။
▪️ ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ် မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေး”( Keeping Humanity Alive) ဖြစ်သည်ဟုဆိုသည်။
▪️ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် "၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း (၁၉၁)နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း (၁၉၁) သင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကူအညီလိုအပ် သူများကို လူမှုကရုဏာ အကူအညီများ ပေးနိုင်နေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။
▪️ နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘော တူညီချက်များ (Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီ လှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ကြက်ခြေနီ အခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက် တွန်းမှာ ကြားလိုကြောင်းနှင့်ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါ စေကြောင်း "ပြောကြားသည်။
▪️ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြား ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
▪️ ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသပြီး မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဘင်ခရာအဖွဲ့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက “အများအတွက်ကြက်ခြေနီ” သီချင်းနှင့် လူငယ်ကြက်ခြေနီ မောင်မယ်များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
▪️ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စား မကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်မြင့်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မြန်မာဘာသာဖြင့် ပထမဆုရရှိသည့် မောင်ဖြိုးဝေဝင်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေရည်ထွန်းလတ် ကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ တတိယဆုရရှိသည့် မအေးမြမူကိုလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြှင့်ခဲ့သည်။
▪️ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ နှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပြခန်းများ ၊ကြက်ခြေနီပစ္စည်းအရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ခြင်းခြင်းပစ္စည်းများ ပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုကြကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 9 May 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ၊ ကမ္ဘားမြင့်ကျေးရွာအနီး ၊ မိတ္ထီလာ-သာစည်မြို့ရှောင်လမ်း ၊ မိုင်တိုင်အမှတ် (၃၁၂/၇)တွင် (၂၂) ဘီးယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ မေလ၉ရက် မနက် ၆နာရီခွဲက ၂၂ ဘီးယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ခေါင်းခန်းတွင်ညပ်နေသဖြင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သာစည်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 564 of 2134