#Local_News
Published 10 May 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားသည်။
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၅၇၆ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၉ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင်တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၂ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ဓာတ်ဆီ တန်ချိန် ၁၇၀၀၀ မှာလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၇ ရက်က ဆိုက်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
#
Published 10 May 2025
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။
▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 May 2025
▪️ Great Wall Hotelမှ အမျိုးသမီးတစ်ဦး၏ ရုပ် အေ-လာင်းတစ်ခု ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Great Wall Hotel အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလာင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရှိပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပေတွေ မြင့်တက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 10 May 2025
#ရခိုင်ကမ်းရိုးတန်းအနီး #လေတိုက်နှုန်းမြင့်နိုင်
#YMG/NN #Yangon_Times
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်မီးရထားခရီးစဉ်သစ်ကိုကျောက်မီးသွေးသုံး ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 May 2025
#ရေနွေးငွေ့စက်ခေါင်းမီးရထား #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်တွေအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေနဲ့ ပြည်တွင်း ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
#Local_News
Published 10 May 2025
#ရီးသွားဆွဲဆောင်ရာနေရာ #ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 517 of 2529