#Local_News
#

Published 10 May 2025

▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။

▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်‌‌ကြောင်း သိရသည်။

▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times