#Local_News
Published 17 September 2025
▪️ ရန်ကုန်မြို့ရှိ လသာမြို့နယ် ၊မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်၌ယနေ့မနက်အစောပိုင်းတွင် လူတစ်ဦးတိုက်ပေါ်မှပြုတ်ကျနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ စက်တင်ဘာ ၁၇ ရက်နေ့၊ မနက် ၁နာရီ၅၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဉီး ပြုတ်ကျရာမှအောက်ရှိ ဂမုန်းပွင့်အဆောက်အဦပေါ်ရှိအမိုးပေါ်သို့တင်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိ၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေယာဉ် (၁)စီး ထွက်ခွာခဲ့ကာ မနက် ၂ နာရီခွဲ အချိန်၌ ကယ်ဆယ်ပြီးစီး၍ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား လသာမြို့နယ်(၂)ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 September 2025
▪️ ဟိုတယ်လုံခြုံရေးဝန်ထမ်းများအတွက် မြန်မာ့ရိုးရာသိုင်းသင်တန်းကို နေပြည်တော်တွင် ယမန်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီး ရန်ကုန်နှင့်မန္တလေးတွင်လည်း ဆက်လိုက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို နေပြည်တော်ဟိုတယ်ဇုန် (၁) ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးအဓိကတာဝန်ယူထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းပညာရပ်သည် ကျန်းမာရေးအရလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု ရရှိစေနိုင်သည့်အပြင် မိမိ ကိုယ်ကိုလုံခြုံမှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်မှု၊ အပြန်အလှန်လေးစားမှုစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကိုယ်ခံပညာကို စနစ်တကျတတ်မြောက်ထားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယုံကြည်မှုရှိရှိနှင့် ပြည့်ပြည့်ဝဝတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ သိုင်းပညာရပ် ဆက်လက်ပြန့်ပွားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းနည်းပြများအား ချီးမြှင့်ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါသင်တန်းသို့ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ တက်ရောက်ကြပြီး ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးနဲ့မြေပဲစိုက်တောင်သူတွေကို သီးနှံပေါ်ပေးစနစ်နဲ့ အထွက်တိုးမြေပဲမျိုးနဲ့သွင်းအားစုတွေပေးအပ်ထားတယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 16 September 2025
#မြေပဲမျိုး #စပါးမြေပဲစိုက်တောင်သူ
#YMG/NN #Yangon_Times
တိရစ္ဆာန်အစာအတွက်အသုံးပြုတဲ့ ဂန္ဓမာပန်းမျိုးစိတ်များရဲ့ အမှုန့် ထုတ်လုပ်ခြင်းနဲ့ တင်ပို့ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်နိုင်ဖို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြရာမှာအတည်ပြုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 16 September 2025
#ဂန္ဓမာပန်းမျိုးစိတ် #တိရစ္ဆာန်အစာ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) ပြည်သူ့ရေးရာနှင့်လူမှုရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ “နည်းပညာနှင့် သမိုင်းမှတ်တမ်းမော်ကွန်းတိုက် ” ကို မကြာမီဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 September 2025
#ဆောက်လုပ်ရေး #𝐌𝐂𝐄𝐅
#YMG/SW #Yangon_Times
ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီးကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခများ တိုးမြှင့်ကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက သိရပါတယ်။
#Local_News
Published 16 September 2025
#မြန်မာနိုင်ငံကုန်သေတ္တာတင် #မော်တော်ယာဉ်များအသင်း
#YMG/NN #Yangon_Times
#Daily_News
Published 16 September 2025
၁။ ကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခများ ခရီးစဉ်အကွာအဝေးအလိုက်တိုးမြှင့်ကောက်ခံ
၂။ ဆောက်လုပ်ရေး“နည်းပညာနှင့်သမိုင်းမှတ်တမ်းမော်ကွန်းတိုက် ” ဖွင့်မည်
၃။ ဂန္ဓမာပန်းမျိုးစိတ်များမှ အမှုန့်ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းကိုဆောင်ရွက်ခွင့်ပြု
၄။ အစ္စရေးလ်-ပါလက်စတိုင်းပဋိပက္ခဖြေရှင်းရေးဆုံးဖြတ်ချက်မူကြမ်း ထောက်ခံမဲအပြတ်အသတ်နိုင် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 315 of 2481