#Local_News
Published 18 September 2025
▪️ မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ကျင်းပပြုလုပ်ခဲ့သည့်
အာဆီယံကော်ဖီနှင့်လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့်လက်ဖက်ရည်ရိုးရာယဉ်ကျေးမှုဓလေ့ကို ဖော်ထုတ်ပြသခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။
▪️ အဆိုပါ အာဆီယံကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ (ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025) ကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ တို့ကို မြန်မာသံရုံးမှ ဖော်ထုတ်ပြနိုင်ခဲ့ကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်နိုင်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ပြသရာတွင် မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက်မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်ရဲ့ ထူးခြားသောအရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စပျစ်စိုက်ပျိုးအောင်မြင်နိုင်မယ့်တိုင်းနဲ့ပြည်နယ်တွေက မြေလွတ်/မြေရိုင်း တွေကိုဖော်ထုတ်ပြီး စပျစ်စိုက်ပျိုးခြံတည်ထောင်လိုတဲ့ တောင်သူ၊အသင်းအဖွဲ့ နဲ့ လုပ်ငန်းရှင်တွေကို ချထားဆောင်ရွက်ပေးသွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 17 September 2025
#မြေလွတ်မြေရိုင်း #စပျစ်
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီးမှာ Rice Export Zoneတွေဖော်ဆောင်သွားဖို့ ဆွေးနွေး နေတယ်လို့ အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကသိရပါတယ်။
#Local_News
Published 17 September 2025
#Rice_Export_Zone
#YMG/NN #Yangon_Times
“သန်လျင် အမွေအနှစ်စင်တာ”အဖြစ်ဖွင့်လှစ်မယ့် ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းက တရုတ်-ပေါ်တူဂီဗိသုကာလက်ရာနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံကို မူလအတိုင်း ပြန်လည်ပြုပြင်မွမ်းမံသွားမယ်လို့ ဒို့အိမ်အဖွဲအစည်းမှ သိရပါတယ်။
#Local_News
Published 17 September 2025
#သန်လျင်အမွေအနှစ်စင်တာ #တရုတ်_ပေါ်တူဂီဗိသုကာလက်ရာ
#YMG/SW #Yangon_Times
မြန်မာ့ပတ္တမြားနှင့်နီလာတို့ကို တရုတ်ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် ယမန်နေ့ကတရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ နန်နင်းကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှာကျင်းပတဲ့ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲ “The Soul Treasure of Myanmar” ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 17 September 2025
#မြန်မာ့ပတ္တမြား #နီလာ #နန်နင်းမြို့
#YMG/SW #Yangon_Times
#Daily_News
Published 17 September 2025
၁။ မြန်မာ့ပတ္တမြားနှင့်နီလာကို တရုတ်ဈေးကွက်သို့ ထိုးဖောက်မည်
၂။ သန်လျင်အမွေအနှစ်စင်တာကို မူလလက်ရာအတိုင်း ပြုပြင်မွမ်းမံမည်
၃။ ပဲခူးတိုင်း၌ Rice Export Zone များဖော်ဆောင်မည်
၄။ ပြည်သူ့စစ်လေ့ကျင့်ရေးအစီအစဉ်သစ်ကြီး ဗင်နီဇွဲလားစတင်အကောင်အထည်ဖော် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 September 2025
▪️ နောင်ချိုမြို့နယ်၌ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၅ ခု ပြန်လည်ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နေကြောင်းကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၅ ခု ပြန်လည်ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ အဆိုပါ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် Big Catch-up၊ Routine Catch-up နည်းလမ်းများဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက်ကလေးများအား လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၈၈ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၃၅၂၆ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၃၁၁၃ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့သည်။
▪️ ထို့အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ပြန်လည်အားဖြည့်ဆောင်ရွက်လျက်ရှိပြီး အသက် (၅) နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး၊ ထိုးဆေး) များကိုလည်းကောင်း၊ အသက် (၅) နှစ်မှ (၇) နှစ်အရွယ်ကလေးများအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များကိုလည်းကောင်း၊ အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးများအား မေးခိုင်-ဆုံဆို့ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများလည်းကောင်း ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကလေးစုစုပေါင်း ၁၆၄၈၄ ဦးအား လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့ေကြာင်း ၊အသက် (၁၅) နှစ်အောက် ကလေးများအား လိုအပ်သော ကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများကို နောင်ချိုမြိုနယ်အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေသာ မြို့နယ်အားလုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
▪️ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံကို ဩဂုတ် ၂ ရက်က ပြန်လည်ဖွင့်လှစ်ကာ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာ ၃၅၉၅ ဦးနှင့် အတွင်းလူနာ ၄၂၁ ဦးအား လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 314 of 2481