#Local_News
Published 7 November 2025
■ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်မည့် MANGA DAY ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
■ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ခေါက်ပြခန်းတွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်ရန်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
■ "မန်းဂဆိုတာကတော့ ဂျပန်နိုင်ငံမှာ ရေးသားထုတ်လုပ်တဲ့ ရုပ်ပြကာတွန်းများ၊ ပုံပြပုံဝတ္ထုများ (Graphic Novel)အားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ များပြားစုံလင်တဲ့ ပရိသတ်အမျိုးအစားတွေအတွက် ကွဲပြားတဲ့ မန်းဂ မြောက်များစွာရှိပြီးအသက်အရွယ်မရွေး ခုံမင်စွာဖတ်ရှုကြပါတယ်။
မန်းဂတွေကို ဖတ်ရှုရာမှာ မြန်မာနဲ့ အင်္ဂလိပ်ဘာသာမှာလို ဘယ်ကနေညာကို ဖတ်ရတာမဟုတ်ဘဲ ညာဘက်ကနေစပြီး ဘယ်ကိုဖတ်ရလေ့ရှိပါတယ်။ မန်းဂတွေကို Weekly Shonen Jumpလို မဂ္ဂဇင်းတွေမှာ အခန်းဆက်ထည့်သွင်းကြပြီး လူကြိုက်များလာတဲ့အခါ Tankoubon Volumeလို့ခေါ်တဲ့ သီးသန့်စာအုပ်အထူအဖြစ်စုစည်းထုတ်ဝေလေ့ရှိပါတယ်" ဟု
ဂျပန်ယဥ်ကျေးမှုစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ ယခုလအတွင်း အပတ်စဥ်အင်္ဂါနေ့မှ စနေနေ့၊ မနက် ၉း၃၀ မှ နေ့လည် ၃း၃၀ အထိဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ထားရှိထားသောကြောင့် လွတ်လပ်စွာလာရောက်ဖတ်ရှုလေ့လာနိုင်ပြီး မိမိကြိုက်နှစ်သက်သည့် ဂျပန်မန်းဂကာရိုက်တာများကိုလည်း အမှတ်တရရေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
အေးသာယာစက်မှုဇုန်မှာ တည်ဆောက်လျှက်ရှိတဲ့နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှု ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 06 November 2025
#အေးသာယာစက်မှုဇုန် #နေရောင်ခြည်စွမ်းအင်သုံး
#YMG/SW #Yangon_Times
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်များကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 06 November 2025
#တိုင်ဖွန်းမုန်တိုင်း #ခန့်မေဂီ
#YMG/SW #Yangon_Times
နေပြည်တော်ကထွက်ရှိတဲ့ မွေးမြူရေးထွက်ကုန် အေးခဲသားများကို ပြည်ပသိုတိုက်ရိုက်တင်ပိုနိုင်ရေး ချိတ်ဆက်ညှိနှိင်းဆောင်ရွက်နေတယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 06 November 2025
#နေပြည်တော် #မွေးမြူရေး
#YMG/NN #Yangon_Times
နဂါးကိုးကောင်စေတီတော်အား ပရိတ်ချည်မျှင်ဖြင့်ထီးတော်တင်လှူပွဲ ၊ကထိန်ပွဲ နဲ့ စေတီတော်ဌာပနာပိတ်ပွဲတွေကို ရန်ကုန်_မန္တလေး အမြန်လမ်း ၉၈မိုင်ရှိ နဂါးညီနောင်ကျောင်းတိုက်မှာ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 06 November 2025
#နဂါးကိုးကောင်စေတီတော် #တန်ဆောင်မုန်းလပြည့်နေ့
#YMG/NN #Yangon_Times
#Daily_News
Published 06 November 2025
၁။ နဂါးညီနောင်ကျောင်းတိုက်၌ ပရိတ်ချည်မျှင်ဖြင့်ထီးတော်တင်လှူပွဲ ၊ဌာပနာပိတ်ပွဲနှင့်ကထိန်ပွဲများပြုလုပ်
၂။ မွေးမြူရေးထွက်ကုန်အေးခဲသားများ ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရေး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေ
၃။ တိုင်ဖွန်းမုန်တိုင်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်
၄။ ဗြိတိန်ရထားပေါ်၌ဓားထိုးမှုဖြစ်ပွားသဖြင့် အများပြည်သူဘေးကင်းလုံခြုံရေးစိုးရိမ်စရာမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဆေးပေါင်းခပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်_မန္တလေး အမြန်လမ်း ၉၈မိုင်ရှိ နဂါးညီနောင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 05 November 2025
#ဆေးပေါင်းခပွဲတော် #တန်ဆောင်မုန်းလပြည့်နေ့
#YMG/NN #Yangon_Times
Page 266 of 2480