မြန်မာ့ကမ်းလွန်လုပ်ကွက်များမှာ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ နည်းပညာနှင့်အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
#Local_News
Published 31 December 2025
#သဘာဝဓာတ်ငွေ့ #မြန်မာ့ကမ်းလွန်
#YMG/SW #Yangon_Times
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူတွေအတွက် နိုင်ငံအဝှမ်းက တက္ကသိုလ်တွေမှာ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းတွေဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2025
#တက္ကသိုလ်ဝင်စာမေးပွဲ #သင်တန်း
#YMG/NN #Yangon_Times
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ မန္ဆလေးမြို့ရှိမဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ကျင်းပသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
#Local_News
Published 31 December 2025
#မဟာမုနိဘုရားကြီး #မန္တလေး
#YMG/NN #Yangon_Times
#Local_News
Published 31 December 2025
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့
အမေရိကန်ဒေါ်လာ ၆ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
■ CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၂.၆၅၀ သန်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့က စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီများထံထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
■ ထို့အပြင် အမေရိကန်ဒေါ်လာ ၄ သန်းကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက်လည်း ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုန်သေတ္တာတင်သင်္ဘော(၆၃)စီးပြေးဆွဲပေးသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှတဆင့် သိရပါတယ်။
#Local_News
Published 31 December 2025
#သင်္ဘော #ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း
#YMG/SW #Yangon_Times
#Daily_News
Published 31 December 2025
၁။ မန္တလေး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပမည်
၂။ နိုင်ငံအဝှမ်းရှိတက္ကသိုလ်များ၌ ကျွမ်းကျင်မှုအတတ်ပညာ သင်တန်းများဖွင့်လှစ်မည်
၃။ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တရုတ်နှင့်နည်းပညာ၊ အရင်းအနှီး ပူးပေါင်းဆောင်ရွက်လို
၄။ ရုရှားဗုံးကျဲလေယာဉ်Tu-95MS ပျံသန်းမှုခရီးစဉ်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Breaking_News
Published 31 December 2025
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များမှကောက်နှုတ်ချက်
◾️တစ်နိုင်ငံလုံးမဲပေးနိုင်သူ ၂၄၂၆၁၂၉၃ ဦး(၂၄ သန်းကျော်)ရှိခဲ့
◾️လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၈၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့
◾️ပထမပိုင်း ရွေးကောက်ပွဲ ၁၀၂ မြို့နယ်တွင်ပြုလုပ်ခဲ့
◾️ရွေးကောက်ပွဲပထမပိုင်းမဲပေးနိုင်သူ ၁၁၆၉၂၁၄၄ ဦး(၁၁.၆ သန်းကျော်)ရှိ
◾️မဲပေးခဲ့သူ ၆၀၉၅၅၁၁ ဦး (၆ သန်းကျော်) ရှိခဲ့
◾️ပထမပိုင်းရွေးကောက်ပွဲတွင် မဲပေးသူ ၅၂.၁၃ ရာခိုင်နှုန်းမဲပေးခဲ့
◾️မဲပေးသူ ၅၀ရာခိုင်နှုန်းကျော်ရှိ၍အောင်မြင်သောရွေးကောက်ပွဲဖြစ်
Page 217 of 2480