#Local_News
Published 21 February 2026
■ မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များ သုံးစွဲခွင့်ကို ယခု ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာတားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
■ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှုတိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အပြင်တားမြစ်ချက်ကို ချိုးဖောက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times