#Published -7 Feb 2022
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်မိုဂရက်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသောသုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော် မှာယနေ့ ညနေ ၆နာရီ ၁၉မိနှစ်အချိန်တွင်
အဆိုပါဆေးရုံကြီးတွင် ဘဝနတ်နန်းစံမြန်းတော်မူသွားပြီလို့သတင်းအတည်ပြုချက်ရရှိပါတယ်။
ယနေ့ညနေ၅နာရီ၁၀မိနစ်တွင် YMG ကဆက်သွယ်မေးမြန်းရာတွင် စိုးရိမ်ရတဲ့အခြေအနေတွင်ရှိနေတယ်လို့ သိခဲ့ရာမှ ယခု ဘဝနတ်ထံပျံလွန်တော်မူသွားရတာဖြစ်ပါတယ်။
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကကောဝိဒ အပါအဝင် (၄၇)ဘွဲ့ရ ဆရာတော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ အရှင်သူမြတ်သည် သက်တော်(၄၂)နှစ်၊ သိက္ခာတော်(၂၂)ဝါ၊ ၁၃၈၃-ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၊ ဘန်မိုဂရက်ဆေးရုံတွင်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ဟာ ချဉ်ဆီအစားထိုးကုသရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
ymg/hm
Published - 7 Feb 2022
စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား များအား ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က အကြိမ် (၉၀) မြောက်ကယ်ဆယ်ရေးအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ဖြင့် စင်ကာပူနိုင်ငံမှရန်ကုန်မြို့သို့ ပြန်လည် ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့လာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူ များ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ်ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၀၈) ဦး လိုက်ပါသွားပါတယ်။
လိုက်ပါသည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး မြန်မာသံရုံးမှတာဝန်ရှိသူများက လေဆိပ်တွင်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ymg/mnn
#Published -7 Feb 2022
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်မိုဂရက်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသောသုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော် အနေနဲ့ ကျန်းမာရေးစိုးရိမ်ရအခြေအနေနဲ့ဆေးကုသမှုခံယူနေရတယ်လို့ တပည့်သံဃာတွေရဲ့ပြောကြားချက်အရသိရပါတယ်။
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကကောဝိဒ အပါအဝင် (၄၇)ဘွဲ့ရ ဆရာတော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ အရှင်သူမြတ်သည် သက်တော်(၄၂)နှစ်၊ သိက္ခာတော်(၂၂)ဝါ၊ ၁၃၈၃-ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၊ ဘန်မိုဂရက်ဆေးရုံတွင်ဘဝနတ်ထံ ပျံလွန်တော်မူတယ်လို့ လူမှုကွန်ယက်မှာသတင်းတွေဖော်ပြနေတာလည်းဖြစ်ပါတယ်။
လတ်တလောအနေဖြင့်ဆရာတော်မှာ ကျန်းမာရေးအခြေအနေ ကြောင့် အထူးကြပ်မတ်ကုသနေရပြီး သတင်းမှားများမဖော်ပြရန်နှင့် ပြည်တွင်းက တပည့်သံဃာများကလည်း ဆရာတော်ကို လိုက်ပါစောင့်ရှောက်သူများနဲ့ အဆက်အသွယ်မပြတ်ပြုလုပ်နေတယ်လိုသိရပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ဟာ ချဉ်ဆီအစားထိုးကုသရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
ymg/hm
#LocalNews
Published - 7 Feb 2021
မန္တလေးနန်းတွင်းက ရတနာပုံခေတ်ဒင်္ဂါးသွန်းစက်ရုံကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 Feb 2022
ပြီးခဲ့သည့်အစိုးရ၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ် ပြန်လည်လွတ်မြောက်သည်ဆိုသည့်သတင်းမှာ မမှန်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။
ပြည်ပ မီဒီယာအချို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ တောင်းဆိုချက်ကိုလိုက်လျောပြီး ပါမောက္ခရှောင်တာနယ်ကို ဖေဖော်ဝါရီလ ၆ ရက်က လွှတ်ပေးလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ရေးသားနေကြခြင်းဖြစ်သည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
"ရှောင်တာနယ်ကို လွှတ်ပေးတာမဟုတ်ပါဘူးဗျာ။ကမ္ဘောဒီးယားဝန်ကြီးချုပ်လာတုန်းက တောင်းဆိုသွားတာ တစ်ချက်ပဲ ရှိတယ်။သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက သူ့ကိုပြောပါတယ်တဲ့။ ရှောင်တာနယ်ကို လွှတ်ပေးဖို့ ၊ ကျွန်တော်တို့အနေနဲ့ကလည်း ဥပဒေအရ လုပ်ဆောင်စရာရှိတာတွေကို လုပ်နေပါတယ်။စဉ်းစားပေးမယ်လို့ ဒါပဲ ပြောလိုက်တာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဲဒါကို "ပါမောက္ခရှောင်တာနယ်ကို ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
Photo: Sydney Morning Herald
ymg/mt
#Yangon_Media_Group
#DailyNews
Published -7 Feb 2022
၁။ လက်ရှိလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် MAPCO ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ယာယီရပ်ဆိုင်းခြင်းဖြစ်
၂။ မန္တလေးနန်းတွင်းက ရတနာပုံခေတ်ဒင်္ဂါးသွန်းစက်ရုံကို ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း
၄။ လေစွမ်းအင်က အင်္ဂလန်စက်မှုဗဟိုအချက်အခြာဒေသကို အပြောင်းအလဲလုပ်ပေးနေ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 Feb 2022
ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၆)ဦးအား တွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့သံသယလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ဒလမြို့နယ်အတွင်းမှာ ယခုလို ရောဂါပိုးရှိသူများကို တွေ့ရှိခဲ့သည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ
ပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေရတာပါ။
ဒါ့အပြင် အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သားပြည်သူများ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများပေးဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုလည်း ဒလသင်္ဘောဆိပ်ကမ်း၊ မြို့လယ်ကောင်နာရီစင်နှင့် ကမာကဆစ်ဈေးတိုတွင် ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်းအခုရေ (၁,၅၀၀)တို့ကိုလည်း ယနေ့တွင် ပေးဝေခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ယခုကာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနှင့် အိုမီခရွန်ရောဂါပိုး ကူးစက်တွေလည်းရှိနေသည့်အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံကြဖိုကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ရှိထားပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၇,၉၀၁ ဦးအထိ ရှိပြီလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ - ဒလမြို့နယ် ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ
ymg/kg
#Yangon_Media_Group
Page 1973 of 1983