#Local_News
Published_ 28 December 2022
ဝေးလံခေါင်သီအရပ်ဒေသအပါအဝင် အခြားပြည်နယ်နှင် တိုင်းများရှိ ကလေးငယ်များအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက ယနေ့ ဒီဇင်ဘာလ၂၈ ရက်တွင် အနွေးထည် စုစုပေါင်းနှစ်သောင်းကျော်
ကို ပေးပို့လှူဒါန်းခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းတာဝန်ခံ ဒေါ်ညိုမီသိန်းက YGM သို့ ပြောသည်။
"ကျွန်မတို့ နှစ်စဉ်လှူဒါန်းပေးနေပါတယ်။ အချို့ဆို အရမ်းအေးတဲ့ဒေသတွေက ကလေးငယ်တွေ အပါအဝင် သက်ကြီးရွယ်အိုတွေအတွက်ပါ လှူဒါန်းပေးနေပါတယ်။ ဖောင်ဒေးရှင်းကို လာလှူဒါန်းတဲ့အပေါ် လိုအပ်နေတဲ့ဒေသတွေအတွက် စီမံခန့်ခွဲပြီးတော့ပေးပို့ လှူဒါန်းတာပါ" ဟု ဒေါ်ညိုမီသိန်းက ဆိုသည်။
ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွက် အနွေးထည်ပေါင်း ၃၀၀၀၊ ကချင်ပြည်နယ် ၁၁၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ) ၃၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (ကလေး) ၁၇၀၀၊ မကွေးတိုင်းဒေသကြီး ၂၀၀၀၊ ချင်းပြည်နယ် ၁၄၀၀ ၊ ရခိုင်ပြည်နယ်၂၀၀၀၊ ကရင်ပြည်နယ် ၁၅၀၀နှင့် ရှမ်းပြည်နယ် ၁၅၀၀ တို့ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန့်နေ့ ဒီဇင်ဘာလ ၂၇ ရက်၌လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့၊ လုပ်ခေးရွာ တောင်တန်းသာသနာပြု ဆရာတော်မှတဆင့် လေဖောင်းနှင့် ဂွမ်းအနွေးအထူ ၇၀ ထည်နှင့် အနွေးအဝတ်အထည် စုစုပေါင်း ၁၄၃ ထည်အားပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ လိပ်သိုမြို့ရှိ တောင်ပေါ်ရွာအချို့အား ဒေသခံတစ်ဦးမှတဆင့် ကလေးအနွေးထည်နှင့် အဝတ်အထည် စုစုပေါင်း ၃၀၀ထည် ကိုပေးပို့လှူဒါန်းခဲ့သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 28 December 2022
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီး ဒီဇင်ဘာလ(၂၈) ရက်နံနက်ပိုင်းကအင်အား(၄.၁)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှသိရသည်၊၊
တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက်(၇၅)ကီလိုမီ တာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ လတ်တလောတွင်စစ်ကိုင်းတိုင်းဒေသကြီး၌လှုပ်ခတ်မှုအများဆုံးဖြစ် နေပြီးစစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း ၊ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 28 December 2022
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီး ဒီဇင်ဘာလ(၂၈) ရက်နံနက်ပိုင်းကအင်အား(၄.၁)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှသိရသည်၊၊
တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက်(၇၅)ကီလိုမီ တာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ လတ်တလောတွင်စစ်ကိုင်းတိုင်းဒေသကြီး၌လှုပ်ခတ်မှုအများဆုံးဖြစ် နေပြီးစစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း ၊ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 28 December 2022
လာမည့် ၂၀၂၃ခုနှစ်အတွင်း ကလေးငယ်များ အပါအဝင် လူဉီးရေ ၆သိန်းကျော်အား စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများအတွက် ကူညီပံ့ပို့သွားရန်ရှိကြောင်း Unicef MYanmar က ယခု ဒီဇင်ဘာလအတွင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ဆယ်ကျော်သက်လူငယ်များ၊ မိဘများပါဝင်သည့် လူဉီးရေ ခြောက်သိန်းကျော်အား ရပ်ရွာအခြေပြု စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ လက်လှမ်းမီရရှိနိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးငယ် ၅ဒဿမ ၆ သန်းအပါအဝင် နိုင်ငံအတွင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။
ယခု ၂၀၂၂ ခုနှစ်အတွင်း၌လည်း မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မသန်စွမ်းကလေးငယ် (၁,၀၀၀) ကျော်ကို အကျုံးဝင်ပညာရေးနှင့် အရေးပေါ်အခြေအနေပညာရေးပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
#ymg/myn
#Yangon_Media_Group
#Local_News
Published_28 December 2022
လုံခြုံရေးအဆင့်မြှင့်ထားသည့် ငွေစက္ကူတွေကို ပြည်သူများအသုံးပြုနိုင်အောင် စီစဉ်နေကြောင်း ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ပြောကြားချက်မှ သိရသည်။
ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်တွင်းသုံးငွေစက္ကူထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေအနေ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးမှုတွင် ပြည်တွင်း၌ အသုံးပြုနေသည့် ငွေစက္ကူများကို အတု၊အစစ် ခွဲခြားစစ်ဆေးရန်၊ ဟောင်းနွမ်းငွေစက္ကူတွေကို လျော့နည်းပပျောက်စေရန် စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ ဖော်ပြထားသည့် မှတ်တမ်းတွေအရ ငွေစက္ကူအတု ဖမ်းဆီးရရှိမှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၁၉) ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၆) ကြိမ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၅) ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆(င) မှာ နိုင်ငံတော်သည် တရားဝင်ထုတ်ထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုရလို့ ပြဌာန်းထားပြီးဖြစ်ကာ၊ ပြည်သူတွေအနေဖြင့် စိုးရမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ကြောင်းလည်း အသိပေးပြောကြားထားသည်။
ယင်းအပြင် ဗဟိုဘဏ်မှ မြန်မာငွေအတုအစစ်ခွဲခြား ရေတွက်စက်များကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလတွင် အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 28 December 2022
(၁၁) ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရေးမြို့နယ် ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပပြုလုပ်လျက်ရှိရာ၊ဒေသအတွင်းရှိလက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုများ မပြုလုပ်ကြရန် မွန်လူငယ်ဆုံရပ်(MYF)က မေတ္တာရပ်ခံ အသိပေးထားသည်။
အဆိုပါ မေတ္တာရပ်ခံချက်တွင် လူမှုရေးအရ ထောက်ရှုခြင်းဖြင့် ရေးမြို့နယ်အတွင်းရှိနေသော လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြပါရန် နှင့် မွန်မွန်လူငယ်တို့၏ လုံခြုံရေးကိုရှေးရှုပေးကြပါရန် အသိပေးထားခြင်းဖြစ်သည်။
ထို့အပြင် မွန်လူငယ်နေ့ အခမ်းအနားကျင်းပရာ ဝယ်ဇင်ကျေးရွာသို့ ရောက်ရှိနိုင်ရန် မွန်လူငယ်အဖွဲ့အသီးသီးတို့က ရေးမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းလမ်းများနှင့် ရေးမြို့ကို အဓိက ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း မွန်လူငယ်ဆုံရပ်က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သော မွန်လူငယ်နေ့ (၉)ကြိမ်မြောက်နှင့် (၁၀)ကြိမ်မြောက် အခမ်းအနားများကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရေးမြို့နှင့်မော်လမြိုင်မြို့တို့တွင် အကျဉ်းချုံးပြုလုပ်ခဲ့ရကြောင်း ဒေသခံမဠန်လူငယ်တစ်ဦးက ဆိုသည်။
မွန်ပြည်နယ်အတွင်း အခြားဒေသများကဲ့သို့ တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း လုံခြုံရေးအရ တင်းကြပ်ထားမှုများရှိနေသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 28 December 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင် ပြီးမြောက်သဖြင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engi-neering Group Co.,Ltd မှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
အခမ်းအနားတွင် တာဝန်ရှိသူများက အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို ဖွင့်လှစ်ပေး ကြပြီးနောက် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြင်ဆင်မွမ်းမံမှု အဆင့်ဆင့်မှတ်တမ်း Video Clip ကိုပြသကာ သံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။
မကြာမီအချိန်တွင် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ယခုကျင်းပတဲ့ အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသည် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရာရောက်သည့် အခမ်းအနားဖြစ်တဲ့အတွက် တရုတ်နိုင်ငံ ပြည်သူများကို မြန်မာနိုင်ငံကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ဝန်ကြီးက ပြောကြားပါတယ်။
အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ) ကုန်ကျခဲ့ကာ အသစ်တည်ဆောက် ပေးသကဲ့သို ခေတ်မီဇာတ်ရုံအင်္ဂါရပ်များ ပြည့်စုံစွာထည့်သွင်းပေးထားပြီး အမျိုးသား ဇာတ်ရုံရှိ ဝန်ထမ်းများကိုလိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
Page 1743 of 2427