#DailyNews
Published _ 29 November 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၃ ဘီလီယံရရှိထား
၂။ အိမ်သုံး ဂတ်စ်ဈေး အတက်အကျ မငြိမ်သက်ဘဲရှိနေ
၃။ ဆယ်လတာအတွင်း မီးလောင်ကျွမ်းမှု(၁၂၈၈)ကြိမ်ရှိ၊ လျှပ်စစ်ကြောင့်နှင့်ပေါ့ဆမှုကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်
၄။ ကော်စတာရီကာရှိ အညစ်ညမ်းဆုံးမြစ်တွင် မိကျောင်းများအခက်အခဲမရှိ နေထိုင်ရှင်သန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 November 2022
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ စားအုန်းဆီတစ်ပိဿာဈေးနှုန်းဟာ ၅၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 November 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ နိုဝင်ဘာလ ၂၈ ရက်တွင် စစ်ဆေးပြီး ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်တွင် အမှုအမှတ် ၄၆ ကို စတင်စစ်ဆေးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်တွင် ကျန်ရှိနေသော အမှု အမှတ် ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
"လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ သက်သေစစ်မယ်၊ ဘယ်သူ့ကို စစ်မယ်၊ ဘယ်ဘက်က သက်သေကို စစ်မယ်ဆိုတာတွေ ဘာမှမသိရသေးဘူး"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစ၍ ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ဦးဝင်းမြင့်ကို စတင်စစ်ဆေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
ရဟတ်ယာဉ်နှင့်ပတ်သက်သောအမှုများမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများ ဖြစ်ကြောင်းလည်း သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published_29 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၁) ဦး၊ CBT ကုန်ထုတ်လုပ်သား (၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂) ဦး၊ စုစုပေါင်း (၁၄၉) ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၆၂ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၂၈ ဦးကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၂၉ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၀ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 29 November 2022
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၅/၃ ရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းတွင် ၅ ခန်းတွဲဆိုင်ခန်း၌ (Level 1) အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းတို့ထံမှ သိရသည်။
ယနေ့ နံနက် ၁၁ နာရီ ၁၆ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ ၅/၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်ငွေလမ်းထောင့်ရှိ ၅ ခန်းတွဲဆိုင်ခန်းတွင် မီးလောင် မှုဖြစ်ပွားခဲ့သဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများ၊ ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကို (Level 1) အဆင့်သတ်မှတ်၍ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၂၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၂၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
"မီးသတ်တွေနဲ့ အတူကျွန်တော်တို့အသင်းက ဝိုင်းငြှိမ်းပေးခဲ့ပါတယ် ဆိုင်ခန်းတွေကတော့ အကုန်လုံးနီးပါးပျက်စီးသွားပါတယ်။ အဲ့ထဲမှာ အလှပြင်ဆိုင်တွေ၊ အဝတ်လျှော်စက်ပြင်တဲ့ဆိုင်တွေ၊ electronics ဆိုင်တွေရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုကို အဲ့ထဲကသူတွေပြောတာကတော့ ဝိုင်ယာရှော့ခ်ဖြစ်ပြီးလောင်တယ်လို့တော့ ပြောနေကြပါတယ်။ "ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း၏ ဥက္ကဋ္ဌကိုဇော်ကြီးက YMG ကိုပြောသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း မီးငြှိမ်းသတ်ပေးသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတွင် မီးခိုးမွှန်ပြီးအသက်ရှူကြပ်သွားသဖြင့် လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းက ပြစုကုသပေးခဲ့ကြကြောင်းလည်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#ymg/NN
#yangon_media _group
#Local_News
Published_ 29 November 2022
ပုဂံရွှေစည်းခုံစေတီတော်ကြီးအတွက် LED ဆလိုက်မီးများနှင့် ရွှေစည်းခုံစေတီရှိ ချူအင်လိုင်းတန်ဆောင်း၌ထားရှိရန် LED Screen Board များကို တရုတ်နိုင်ငံမှလှူဒါန်းခဲ့ကြောင်း သိရသည်၊၊
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး 'ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်း တန်ဆောင်း LED Screen Board တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနား'ကိုနိုဝင်ဘာလ(၂၈)ရက်ညနေတွင် ကျင်းပခဲ့သည်၊၊
အခမ်းအနား၌ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက"မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ခင်မင်ရင်းနှီးမှုသည် ၁၉၆၁ ခုနှစ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ ရွှေစည်းခုံဘုရားတွင် ယခုတန်ဆောင်းတည်ဆောက်ရန် လှူဒါန်းပြီးနောက်ပိုင်းတွင် ပိုမိုခိုင်မြဲလာပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် (၉)ကြိမ်တိုင်တိုင် လာရောက်ခဲ့သည်ဟုလည်း သိရှိရပြီး ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်လည်ပတ်ခြင်း နှစ်ပတ်လည်အခမ်းအနားများကို ဤချူအင်လိုင်း တန်ဆောင်းတွင်ပင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ယခုလို ပရဟိတ လှူဒါန်းမှုများနှင့် အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ခြင်းသည်ပင် ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်စေတနာကို အသိမှတ်ပြုခြင်းပင် ဖြစ်ပါကြောင်း၊ ချူအင်လိုင်း တန်ဆောင်းတွင် ဘုရားဖူးဧည့်သည်များ နားခိုနေနိုင်ခြင်းအပြင် ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းကြောင်းအချက်အလက်များ၊ စေတီပုထိုးများ၊ မြန်မာမှုအနုလက်ရာများ၊ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသ၏ ရှုခင်း အလှအပများကို ကြည့်ရှုနိုင်စေရန်အတွက် LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်း၊ LED မီးဆလိုက်များ တပ်ဆင်လှူဒါန်းခြင်းတို့နှင့် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်ပါ ပံ့ပိုးကူညီပေးမှုတို့အတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း"ပြောကြားခဲ့သည်။
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Chen Chen က ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်းတန်ဆောင်း LED Screen Boardတပ်ဆင်ခြင်း လှူဒါန်းခဲ့မှုအပေါ် ဝမ်းမြောက်ကြောင်းအမှာစကားပြောကြားခဲ့ပြီး ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ကိုယ်စားဥက္ကဌ ဦးကျော်မြင့်က LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်း၊ LED မီးဆလိုက်များ တပ်ဆင် လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်၊၊



#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 29 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်သွားလာနေကြသော လူနာတင်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပရဟိတ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အသင်းမှတ်ပုံတင် မိတ္တူနှင့် ယာဉ်မောင်းလိုင်စင် ရှိမရှိ ကို စစ်ဆေးသည့်အပြင် ယာဉ်မောင်းတစ်ဦးနှင့်သတ်မှတ်ထားသော Volunteer နှစ်ဦးထက်ပိုမပို၊ ယာဉ်မောင်းနှင့် Volunteer များ တူညီဝတ်စုံ ဝတ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ လူနာမှတ်တမ်း ပါရှိမရှိတို့ကို စစ်ဆေးကာ ယာဉ်ပေါ်တွင် လူနာမပါလျှင် မီးတန်းနှင့် အသံကိုလည်း မဖွင့်ရန် စစ်ဆေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
"စစ်ဆေးတဲ့အခါတော့ အသင်းမှတ်ပုံတင် မိတ္တူတို့၊ လိုင်စင်တို့ကို စစ်တာပါ။ ကျွန်တော်တို့ကို သတ်မှတ်ထားတာက Volunteer နှစ်ယောက်ထက် မပိုရဘူး၊ ကားပေါ်မှာ လူနာ မပါရင် မီးတွေ ဖွင့်တာ၊ အသံတွေဖွင့်တာ မလုပ်ရဘူး၊ ယူနီဖောင်းဝတ်ရမယ်ဆိုတာ သတ်မှတ်ပြီးသားပါ"ဟု လူမှုကူညီရေးလုပ်ဆောင်နေသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
Page 1720 of 2344