#LocalNews
Published _ 12 December 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox's Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ ဆုံပွဲ(IFR-2022) ဖွင့်ပွဲအခမ်း အနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါအခမ်းအနားတွင် ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လိုက်ပါခဲ့သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2022) ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်း၊ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများ တည်ခင်းဧည့်ခံပွဲတွင် ကြာဆံဟင်းခါး၊ မုန့်ကြာစေ့၊ ရွှေဖီဦးလက်ဖက်ရည်၊ နန်းမြိုင်ကော်ဖီ၊ ပုသိမ် ဟာလဝါတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ခြင်း၊ ကမ်းခြေ၌ကျင်းပသော ပျော်ပွဲရွှင်ပွဲများသို့ အပြည်ပြည်ဆိုင်ရာ ရေတပ်အရာရှိ၊ စစ်သည်များနှင့်အတူ တက်ရောက်ခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ယခုသွားရောက်ခဲ့သောခရီးစဉ်မှာ မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်းရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group


#LocalNews
Published _ 12 December 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့ နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက လက်နက်ကိုင်များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဒဏ်ရာရသူများမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဦးဝင်းထက်ဦး နှင့် အသက် ၂၀ အရွယ် မခင်တွယ်တာဦးတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် ဦးဝင်းထက်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး၏ ဘယ်ညာ ခြေထောက်တို့တွင်လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ တပ်မတော် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 12 December 2022
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဘေးကင်းစွာမီးဖွားနိုင်ဖို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတွေတိုးချဲ့ဆောင်ရွက်သွားမှာဖြစ်သလို ဆေးလိပ်နဲ့အရက်သောက်သုံးမှုလျော့ ကျစေရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 12 December 2022
အခုနှစ်ခရီးသွားရာသီတွေဖြစ်တဲ့ အောက်တိုဘာလကနေစပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ပြည်တွင်းခရီးသွားတွေ လည်ပတ်မှုမြင့်တက်ခဲ့ကာ ပြည်ပကဝင်ရောက်မှုတွေလည်း များလာခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 December 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုရေထွက်ကုန်ပစ္စည်းတင်ပို့မှုဟာ လျော့ကျလာတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 12 December 2022
လတ်တလောတွင် ထိခိုက်ဒဏ်ရာရလူနာများ၊ သားဖွားလူနာများအပြင် တက်သည့်ကလေးလူနာများကိုလည်း ဆေးရုံများကိုအချိန်မီပို့ဆောင်ပေးနေရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
တက်သည့်ကလေးလူနာများထဲတွင် အသက်ဆုံးရှုံးရတာမျိုးများလည်းရှိနေသည့်တဲ့အတွက် သတိပြုဖို့လိုသည်ဟုဆိုသည်၊၊
လူနာများပို့ဆောင်ပေးနေရသည့် အခြေအနေများနှင့်ပတ်သက်၍ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ဦးထင်လင်းအောင်က အခုလိုပြောပြသည်၊၊
"လူနာပို့ဆောင်ပေးရတာက ကားအက်ဆီးဒင့်ဖြစ်တာ၊ဆိုက်ကယ်မှောက်တာတို့၊ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးတွေ၊အခုလောလောဆယ်တော့ တက်တဲ့ကလေးတွေကို ဆေးရုံကို ပို့ဆောင်ပေးနေရပါတယ်၊၊ကလေးတစ်လအရွယ်လေးတွေ တက်တာပေါ့၊၊ရွှေပေါက်ကံက ကလေးကတော့ ညပိုင်းကြီးဖြစ်သွားတယ်၊၊ကျွန်တော်တို့ရောက်တဲ့အချိန်မှာ မမီလိုက်ဘူး၊၊အသက်ဆုံးရှုံးသွားတယ်၊၊လသားလေးတောင်မဟုတ်ဘူး ရက်သားလေးပဲရှိတာပေါ့၊၊ ဟိုတစ်နေ့က တစ်ယောက်ကတော့ မှီသွားတယ်၊၊ရန်ကင်းကလေးဆေးရုံကိုပို့လိုက်တဲ့အချိန် မီသွားတော့ကလေးက အသက်ရှင်ခွင့်ရသွားတယ်၊၊အချို့တွေက မွေးကတည်းက တက်တာတွေဘာတွေပါတာပေါ့၊၊ရာသီဥတုပူတာ ၊အပူကြောင့်လည်း ပါချင်ပါမှာပေါ့"ဟု ဦးထင်လင်းအောင်ကပြောသည်၊၊
လူကြီးပိုင်းများတွင် အပူကြောင့် သတိလစ်တာ၊ရှော့ခ်ဖြစ်ခြင်းများ မရှိသေးကြောင်းနှင့် ကလေးလူနာများ ကျန်းမာရေးသတိပြုရန်လိုအပ်ကြောင်း သိရသည်၊၊
တက်သည့်ကလေးငယ်တွေရှိပါက အရေးပေါ်လူနာတင်ယာဥ်များကို အချိန်မီခေါ်ယူကြရန်လိုအပ်ပြီး အချိန်မီဆေးရုံကို မပို့ဆောင်နိုင်ပါက အသက်ဆုံးရှုံးနိုင်သဖြင့် ပရဟိတအသင်းများကို အချိန်မီ ဆက်သွယ်အကူအညီတောင်းခံကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published _ 12 December 2022
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု လျော့ကျလာ
၂။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ယခုနှစ်တွင် အစကောင်းခဲ့ပြီး လာမည့်နှစ်တွင် ပိုတိုးတက်လာမည်
၃။ လာမည့်နှစ်တွင် ဘေးကင်းစွာမီးဖွားနိုင်ရေးနှင့် ဆေးလိပ်နှင့်အရက်သုံးစွဲမှု လျော့ကျစေရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဟုဆို
၄။ တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ခံတပ်များဖြင့် ကာရံထားသည့်နယ်ခြားကျွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1563 of 2215