မတ်၂၉၊၂၀၂၆

ဒေါ်နယ်ထရမ့်က အောင်မြင်တဲ့သူတွေထက် “အရှုံးသမားတွေ” ကို ပိုသဘောကျတယ်လို့ ပြောကြားခဲ့ပြီး မိုင်ယာမီမှာကျင်းပတဲ့ FII ထိပ်သီးဆွေးနွေးပွဲမှာပြောကြားပါတယ်။

ထရမ့်က သူရဲ့ "အောင်မြင်မှုတွေကို နားထောင်ပေးတဲ့သူတွေကို သဘောကျတဲ့" အတွက် သူ့ဘေးမှာ "အရှုံးသမားတွေ" နဲ့ပဲ ဝန်းရံထားလေ့ရှိတယ်လို့ သောကြာနေ့ညနေပိုင်းက ပြောကြားခဲ့ပါတယ်။ အောင် မြင်တဲ့သူတွေရဲ့ "အောင်မြင်မှု ဇာတ်လမ်းတွေ" ကို သူက နားမထောင်ချင်တဲ့အတွက် အောင်မြင်တဲ့  သူတွေကို မနှစ်သက်ဘူးလို့လည်း ဆိုပါတယ်။

ဒီမှတ်ချက်စကားဟာ အငြင်းပွားဖွယ်ဖြစ်နိုင်မှန်း သူသိကြောင်း အသိအမှတ်ပြုခဲ့ပြီး "ကျွန်တော် နောက် နေတာပါ... အဲ၊ အဲသလို ခပ်ဆင်ဆင်ပေါ့လေ" လို့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ မိုင်ယာမီ မြို့က ဆော်ဒီက ကျောထောက်နောက်ခံလုပ်ပေးထားတဲ့ Future Investment Initiative (FII) ထိပ်သီး  ဆွေးနွေးပွဲမှာ ရောက်ရှိပြောကြားခဲ့တာပါ။

"တကယ်တော့ ကျွန်တော်က အရှုံးသမားတွေနဲ့ပဲ အမြဲတမ်း အချိန်ဖြုန်းချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ကိုယ်ကျွန်တော် ပိုနေလို့ကောင်းအောင် လုပ်ပေးလို့ပဲ။ အရမ်းကို အောင်မြင်လွန်းတဲ့ လူတွေကို ကျွန်တော်မုန်းတယ်၊ ပြီးတော့ သူတို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို ခင်ဗျားတို့က နားထောင်ပေးရဦးမယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုကို နားထောင်ချင်တဲ့သူတွေကိုပဲ ကျွန်တော်က သဘောကျတာ" လို့ ထရမ့်က ပြောပါတယ်။ သူက ဒီမှတ်ချက်စကားကို သူရဲ့ ရှည်လျားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေကဏ္ဍမှာ ပြောကြားခဲ့တာပါ။ "လိင်ပိုင်းဆိုင်ရာ" ဒါမှမဟုတ် "ခင်ဗျားတို့ ဆွေးနွေးချင်တဲ့ ဘာအကြောင်းအရာကိုမဆို" သူ့အနေနှင့် ဆွေးနွေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ထရမ့်ရဲ့ မှတ်ချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပိုမိုကျယ် ပြန့်စွာ တုံ့ပြန်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီမှာ သူက "အနိုင်ရရှိခြင်း" ဟာ အရေးကြီး ုံးအချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

-end-