#World_Health
Published 30 March 2026
■ နာရည်ယိုခြင်းကို အမြဲတမ်းနီးပါး ခံစားနေရရင် ဘယ်လိုလုပ်သင့်လဲဆိုတာကို ဂုရုဂရမ်မှ နားနှာခေါင်းလည်ချောင်းအထူးကု ဒေါက်တာ ကေကေဟန်ဒါက ပြောထားပါတယ်။
■ အဖြစ်အများဆုံး အကြောင်းအရင်းက အမှုန်တွေ အမျှင်တွေနဲ့ ဓာတ်မတည့်တာဖြစ်ပြီး နှာခေါင်းတွင်းနံရံတွေ ရောင်ရမ်းစေနိုင်ပါတယ်။
■ တခြားအကြောင်းအရင်းတွေ အနေနဲ့ နာတာရှည် နှာခေါင်းတွင်းရောဂါပိုးဝင်ခြင်း၊ ရာသီဥတုပြောင်းလဲမှု ခံနိုင်ရည်မရှိခြင်း၊ အဲကွန်းနဲ့ အဆက်မပြတ်ထိတွေ့ခြင်း၊ နှာရည်ပွင့်ဆေးများ အလွန်အကျွံသုံးခြင်း၊ နှာအရိုးများ ဖွဲ့စည်းပုံပြဿနာတို့ ပါဝင်ပါတယ်။
■ နှာခေါင်းတွင်းနံရံသားတွေ ကြာရှည်ထိပါးလာပြီဆိုရင်တော့ နှာရည်အချွဲအကျိတွေ ပိုလျှံလာစေပါတယ်။
■ ရောဂါလက္ခဏာတွေအနေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်တဲ့အခါမျိုးမှာ မကြာခဏ နှာချေခြင်း၊ နှာခေါင်းယားခြင်း၊ မျက်လုံးစိုရွှဲခြင်းတို့ ဖြစ်တတ်ပါတယ်။
■ နှာခေါင်းပေါက်အတွင်း ကြာရှည်ရောဂါပိုးဝင်ရင်တော့ နှာခေါင်းပိတ်ပြီး အစိမ်းရောင် အဝါရောင်ရည်တွေ ထူထဲလာကာ အနံ့ပျောက်တတ်ပါတယ်။
■ လေထုညစ်ညမ်းခြင်း၊ အမှုန်အမွှား၊ အခိုးအငွေ့ ထိတွေ့ခြင်းတို့အပြင် အဲကွန်းကြာရှည်ထိတွေ့ခြင်း၊ ရာသီဥတု ရုတ်တရက်ပြောင်းလဲခြင်းတို့ကလည်း နှာခေါင်းခြောက်သွေ့စေသဖြင့် ခန္ဓာကိုယ်စနစ်က တုံ့ပြန်တဲ့အနေနဲ့ အချွဲတွေ များများထုတ်လုပ်ပါတယ်။
■ ဒီလက္ခဏာတွေ ၃ လကျော်ကြာလာခြင်း၊ နှာရည်ထူထဲကာ ဖျားနာခြင်း၊ မျက်နှာဖောရောင်ခြင်း၊ အနံ့ပျောက်ခြင်း၊ တစ်ဖက်တည်း လက္ခဏာဖြစ်ခြင်း၊ အိပ်စက်မှုအနှောင့်အယှက်တို့ပါ ဖြစ်လာရင်တော့ ဆရာဝန် ပြသသင့်ပါပြီ။
■ နှာခေါင်းဖျန်းဆေး၊ နှာခေါင်းသန့်စင်ဆေးအသုံးပြုခြင်း၊ အမှုန်အမွှားထိတွေ့မှု လျှော့ချခြင်း၊ ခွဲစိတ်ခြင်းတို့ဖြင့် အခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ ရှိနိုင်ပါတယ်။
Source: Indian Express