#World_Health
Published 16 August 2026
■ အစာအိမ်နဲ့ အူလမ်းကြောင်းပြုပြင်ဖို့ အဆိပ်အတောက်ထုတ် ဖျော်ရည်တွေ မလိုအပ်ဘူးလို့ ဒေါက်တာ ဆူရက်ဘ်ဆက်သီ ပြောပြီး ရိုးရှင်းတဲ့ နေ့စဉ်အလေ့အထတွေက ပိုပြီးထိရောက်မှုရှိစေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
■ အူလမ်းကြောင်းကျန်းမာရေး မြှင့်တင်ဖို့ လွယ်ကူပြီး ရိုးရှင်းတဲ့နည်းလမ်း ၃ ခုကို ဒေါက်တာက မျှဝေပေးထားပါတယ်။
■ (၁) နေ့စဉ်အမျှင်ဓာတ် လုံလောက်စွာစားခြင်း
အမျိုးသမီးများအနေဖြင့် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားတွေက ၃၈ ဂရမ်ခန့် ရရှိသင့်ပြီး သစ်သီးများ၊ ဟင်းရွက်များ၊ အစေ့အဆန်များ၊ အခြားသော ဂျုံပြောင်းဆန်များကို အကြံပြုထားပါတယ်။
■ အမျှင်ဓာတ်က အူလမ်းကြောင်းထဲရှိ အကျိုးပြုဘက်တီးရီးယားများကို တိုးပွားစေကာ အစာခြေစနစ်ကို လုပ်ဆောင်စေပါတယ်။
■ (၂) အချဉ်ဖောက်ထားသော အစားအစာများစားခြင်း
ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်နို့ စတာတွေက နို့ထွက်ပစ္စည်းနဲ့ အပင်အခြေပြုစားစရာတွေ ဖြစ်ကာ အူလမ်းကြောင်း ကျန်းမာစေပြီး အစာခြေဖျက်မှုတိုးတက်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။
■ (၃) နေ့စဉ်လမ်းလျှောက်ခြင်း
နေ့စဉ်လမ်းလျှောက်ခြင်းက အစာခြေစနစ်အတွင်း အစားအစာများ ရွေ့လျားမှုကို ကူညီပေးကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
■ ဒါ့အပြင် အမျှင်ဓာတ်ကို ပိုစားရာမှာ ရေဓာတ်လုံလောက်စွာ ရှိနေဖို့လည်း လိုအပ်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
Source: NDTV