#World_Health
Published 16 August 2026

■ ထောပတ်သီးကို ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်သလို ကျန်းမာရေးညီညွတ်စေတဲ့ အစားအစာတွေထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

■ Nutrition, Health and Aging ဂျာနယ်မှာ ဖော်ပြထားတဲ့ ၆ လကြာ စမ်းသပ်ချက်တစ်ခုမှာ ထောပတ်သီး နေ့စဉ်စားသုံးခြင်းက ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေသလားဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။

■ အဝလွန်သူ ၂၄၁ ဦးကို နှစ်ဖွဲ့ခွဲကာ ထောပတ်သီးစားတဲ့အဖွဲ့နဲ့ ထောပတ်သီး မစားတဲ့အဖွဲ့ဆိုပြီး ခွဲခြမ်းလိုက်ပါတယ်။

■ ဒီနောက် မှတ်ဉာဏ်၊ လုပ်ဆောင်မှုအမြန်နှုန်း၊ တုံ့ပြန်မှုနှုန်း၊ လုပ်ဆောင်နိုင်စွမ်းတို့ အပါအဝင် ဦးနှောက်အသိဉာဏ်နဲ့ အဓိကပတ်သက်တဲ့ နေရာများကို သုတေသီများ အကဲဖြတ်ခဲ့ကြပါတယ်။

■ နှစ်ဝက်လောက်ကြာအောင် ထောပတ်သီးတစ်လုံး နေ့စဉ်စားသုံးခြင်းက မစားသူတွေထက် ဦးနှောက်အသိဉာဏ် သိသိသာသာ တိုးတက်ခြင်းမရှိခဲ့ပါဘူး။

■ ထောပတ်သီးမှာ ဦးနှောက်အတွက် အကျိုးပြုစေတဲ့ ပိုလီဖီနော၊ အမျှင်ဓာတ်၊ ကောင်းကျိုးပြုအဆီများလိုမျိုး အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ယခုလိုတွေ့ရှိချက်ကြောင့် သုတေသီတွေ အံ့အားသင့်ရပါတယ်။

■ အခြားသော နေထိုင်စားသောက်မှုပုံစံများ မပါဝင်ဘဲနဲ့ နေ့စဉ်ထောပတ်သီးပဲ စားသုံးနေမယ်ဆိုရင်တော့ ဦးနှောက်စွမ်းဆောင်ရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ဖို့ မလုံလောက်ပါဘူး။

■ ဒါပေမဲ့ ထောပတ်သီးဟာ အစားအစာအရည်အသွေး၊ နှလုံးသွေးကြောကျန်းမာရေးတို့အတွက် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

■ ဦးနှောက်ကျန်းမာရေး အကောင်းဆုံးဖြစ်ဖို့အတွက်ဆိုရင် အစားအစာတစ်ခုတည်း မှီခိုမယ့်အစား လေ့ကျင့်ခန်း၊ ကောင်းမွန်တဲ့ အိပ်စက်မှု၊ အာဟာရဓာတ်အမျိုးမျိုးတို့ ပေါင်းစပ်ပါဝင်တဲ့ နည်းလမ်းမျိုး လိုအပ်ပါတယ်။

Source: The Jerusalem Post