၃၁ အောက်တိုဘာ ၂၀၂၄

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့ထောက်ခံသူတွေကို အမေရိကန်နိုင်ငံရဲ့ နှလုံးသားဝိညာဉ်တွေလို့ ခေါ်လိုက်ပြီး ချီးကျူးလိုက်ပါတယ်။ သမ္မတဘိုင်ဒင်က ထရမ့်ထောက်ခံသူတွေကို  ပေါလောမျောနေတဲ့ အမှိုက်သရိုက်တွေနှင့် တူတယ်လို့ ပြောဆိုခဲ့ပြီး တစ်ရက်အကြာမှာ ထရမ့်က အဲသလိုပြောလိုက်တာပါ။

“ ကာမာလာ(ဟာရစ်) နှင့် ဂျိုး( ဘိုင်ဒင်) တို့က ကျွန်တော်တို့ကို အမှိုက်သရိုက်တွေတဲ့။ ကျွန်တော်က ခင်ဗျားတို့ကို အမေရိကန်ရဲ့ နှလုံးသားဝိညာဉ်တွေလို့ခေါ်မယ်”  “ ခင်ဗျားတို့ဟာ နှလုံးသားဝိညာဉ်တွေ ဖြစ်တယ်။ ခင်ဗျားတို့က ကျွန်တော်တို့နိုင်ငံကိုတည်ဆောက်နေတယ်။ သူတို့တည်ဆောက်တာထက် အများကြီးကွာတယ်” လို့ ထရမ့်ကပြောပါတယ်။

“ အမေရိကန်တွေကို ခင်ဗျားတို့မချစ်ရင် အမေရိကန်နိုင်ငံကို ခင်ဗျားတို့ ဦးဆောင်လို့မရနိုင်ဘူး” လို့လည်း ထရမ့်ကပြောပါတယ်။

ထရမ့်ဟာ  အကြိတ်အနယ်ပြိုင်ရမယ့် ဝစ်ကိုစင်ပြည်နယ်ရဲ့ မဲဆွယ်ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ထရမ့်ဟာ ဂျိုဘိုင်ဒင်ပြောတဲ့ အမှိုက်သရိုက်တွေ ဆိုတဲ့စကားကို တုန့်ပြန်တဲ့အနေနှင့် သန့်ရှင်းရေး လုပ်သားတစ်ဦးလိုဝတ်ဆင်ပြီး အမှိုက်သယ်ထရပ်ကားတစ်စီးကိုလည်း ကိုယ်တိုင်မောင်းကာ မဲဆွယ်ပွဲ ကိုလာခဲ့ပါတယ်။

“ ကျွန်တော့်လူတစ်ယောက်က လာပြီးပြောတယ်။ အခု “အမှိုက်” ဆိုတဲ့ စကားလုံးက ဟော့တ်ဖြစ် နေတယ်။ အမှိုက်ကား တစ်စီး မောင်းမလားဆရာ” လို့ မေးတယ်” လို့ ထရမ့်ကပြောပါတယ်။

“ သူတို့ဟာ အမှိုက်ကားတစ်စီး ဆွဲလာတော့တာပဲ။ သူတို့ အဲသလောက်မြန်မြန်ကြီး ဘယ်လိုလုပ်ချ လိုက်သလဲမသိဘူး”လို့ ထရမ့်က ဆက်ပြောပါတယ်။

“ ကျွန်တော့်ထောက်ခံသူတွေဟာ  လူလိမ်လူညစ်ဂျိုး(ဘိုင်ဒင်) ဒါမှမဟုတ် လူလိမ်ကာမာလာ(ဟားရစ်) တို့ထက် အရည်အချင်းအများကြီးသာတယ်” လို့ ထရမ့်က ပြောပါတယ်။

Source NYPost