#World_Health
Published 31 October 2024
▪️ လူ ၅ ဦးလျှင် ၁ ဦးနှုန်းက ကင်ဆာဖြစ်ပွားကြပြီး အသက်အရွယ်၊ မိသားစုမျိုးရိုးတို့က အဓိကပတ်သက်နေပါတယ်။
▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာများက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အထူးသဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှုများမှ ကာကွယ်ပေးပါတယ်။
(၁) လိုင်ကိုပင်း
▪️ ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး ဆဲလ်ထိခိုက်ခြင်းကို ကာကွယ်ပေးကာ ခန္ဓာကိုယ်ကို အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။
အကျိတ်ကြီးထွားမှုနဲ့ ရောဂါဆိုးရွားလာခြင်းတို့ကို တားဆီးပေးပါတယ်။
▪️ လိုင်ကိုပင်းက ကယ်ရိုတီနွိုက် မျိုးနွယ်ဝင်ဖြစ်ပြီး လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်များ ဖြစ်စေကာ မျက်လုံးကျန်းမာရေးကို ထောက်ကူပေးပြီး အူမကြီး၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတို့မှ ကာကွယ်ပေးပါတယ်။
(၂) ရက်စ်ဗရာထရိုလ်
▪️ ဘယ်ရီသီးများ၊ စပျစ်သီး၊ ဝိုင်နီ၊ မြေပဲတို့မှာ တွေ့ရတဲ့ ရက်စ်ဗရာထရိုလ်က ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ ဒါ့အပြင် သုတေသနများအရ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပါတယ်။
(၃) လူတိန်းနဲ့ ဇီဇန်သင်း
▪️ ကယ်ရိုတီနွိုက်များဖြစ်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းတို့ကို ကြက်ဥအနှစ်မှာ တွေ့ရပြီး မျက်လုံးရေတိမ်၊ အမြင်အာရုံ ချို့ယွင်းခြင်းတို့ ဖြစ်နိုင်ခြေနည်းစေပါတယ်။
၂၀၁၉ လေ့လာချက်အရ ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
(၄) ဗိုက်တာမင်-အေ
▪️ အရေပြားနဲ့ မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးကာ ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်-အေ အမျိုးအစားက ကင်ဆာအကျိတ်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ထောက်ပံ့ပေးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဗိုက်တာမင်-အေကို ငါး၊ အမဲသားအသည်း၊ နို့ထွက်ပစ္စည်းများနဲ့ ကြက်ဥတို့မှာ တွေ့ရပါတယ်။
#Source: New York Post