#World_Health
Published 31 October 2024
▪️ မက်ဒေါ်နယ်ဆိုင်မှ ဘာဂါများနဲ့ ဆက်စပ်ပြီး အီးကိုလိုင်(E. coli) ရောဂါကူးစက်မှုများ ဖြစ်ပွားနေသဖြင့် အမေရိကန်တဝှမ်း စိုးရိမ်ပူပန်လာရကာ ပြင်းထန်စွာ နေမကောင်းဖြစ်ခြင်း၊ အသက်သေဆုံးခြင်းတို့ပင် ရှိနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူများ တင်ပြလာပါတယ်။
▪️ ဒီရောဂါကြောင့် အစားအစာ ဘေးကင်းရေးအလေ့အကျင့်များ လိုက်နာကျင့်သုံးဖို့ တောင်းဆိုလာကြပါတယ်။
▪️ အီးကိုလိုင်က လူသားတွေနဲ့ တိရိစ္ဆာန်များရဲ့ အူတွေထဲမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားမျိုး ဖြစ်ပါတယ်။
▪️ မျိုးနွယ်အများစုက အန္တရာယ်မရှိပေမယ့် အချို့ကတော့ အပြင်းအထန် နေမကောင်း ဖြစ်တတ်ပါတယ်။
▪️ ထိုထဲကမှ ရှီဂါအဆိပ်ထုတ် အီးကိုလိုင်(STEC)ဟာ ရောဂါလက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ပါတယ်။
▪️ အီးကိုလိုင်က ရောဂါပိုးထိတွေ့ပြီးနောက် ၃-၄ ရက်အတွင်း လက္ခဏာပေါ်တတ်ပြီး အပြင်းအထန် ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ အချို့ကတော့ သာမန်ဖျားနာတာလောက်သာ ဖြစ်ကြပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ ပြင်းထန်တတ်ပါတယ်။
▪️ အစိုးရိမ်ရဆုံးက ကျောက်ကပ်ပျက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်တတ်တဲ့ HUS ရောဂါဖြစ်ပါတယ်။
▪️ ရောဂါလက္ခဏာ ပြင်းထန်ပါက ဆေးကုသမှု လာရောက်ခံယူဖို့ ကျန်းမာရေး တာဝန်ရှိသူများ တိုက်တွန်းနေကြပါတယ်။
▪️ အစားအစာ ကိုင်တွယ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့မှာ သေချာသန့်ရှင်းစွာ ပြုလုပ်ကြဖို့လည်း အလေးပေး ဖော်ပြထားပါတယ်။
▪️ မက်ဒေါ်နယ်ကတော့ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ဖို့အတွက် စားသောက်ဆိုင်များကို ယာယီပိတ်ထားကာ ကျန်းမာရေး အာဏာပိုင်များနဲ့ ပူးပေါင်းစစ်ဆေးနေပါတယ်။
▪️ ကုမ္ပဏီကတော့ ယင်းတို့ရဲ့ အစားအစာ ဘေးကင်းရေး လုပ်ငန်းစဉ်များနဲ့ အလေ့အကျင့်များကို ပြန်လည်သုံးသပ်နေပါတယ်။
▪️ ဒါ့အပြင် ကျန်းမာရေး တာဝန်ရှိသူများက ရောဂါကူးစက်ရာ ရင်းမြစ်ကို ခြေရာခံနေပြီး နောက်ထပ်ပျံ့ပွားမှု မဖြစ်ရန် လုပ်ဆောင်နေကြပါတယ်။
#Source: India Today