#World_Health
Published 19 December 2024
▪️ ရုတ်တရက် နှလုံးရပ်ခြင်းဟာ ကျန်းမာရေးကောင်းမွန်တဲ့ လူတွေမှာတောင် မမျှော်လင့်ဘဲ ဖြစ်တတ်ကြပြီး ဖြစ်ရတဲ့အကြောင်းအရင်းတွေကို သိပ်ပြီးမသိကြသေးပါဘူး။
▪️ နှလုံးရပ်ခြင်းဟာ နှလုံးဖောက်ခြင်း အခြေအနေနဲ့လည်း ကွဲပြားပါသေးတယ်။
နှလုံးရဲ့ လျှပ်စီးစနစ်မှာ ပြဿနာတစ်ခုခုကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်နိုင်ကာ နှလုံးသို့သွားတဲ့ သွေးစီးဆင်းမှု ပိတ်ဆို့တဲ့အခါမှာတော့ နှလုံးဖောက်ခြင်း ဖြစ်နိုင်ပြီး နှလုံးကြွက်သားတွေကို ထိခိုက်စေပါတယ်။
▪️ အပိုလိုဆေးရုံမှ နှလုံးအထူးကု ဒေါက်တာဗစ်ခရန်ခေဆဲက ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ကြိုတင်ကာကွယ်မှု အရေးကြီးပုံတို့ကို ရှင်းပြပါတယ်။
နှလုံးလျှပ်စီးစနစ် ချို့ယွင်းတဲ့အခါ ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်တတ်ပြီး နှလုံးခုန်နှုန်း မူမမှန်ဖြစ်ကာ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။
▪️ နှလုံးခုန်မမှန်ခြင်းက နှလုံးရောဂါမရှိတဲ့ သူတွေမှာပင် ဖြစ်နိုင်ပြီး မျိုးဗီဇပြောင်းလဲမှု၊ ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံ အားထုတ်ခြင်း၊ ဖိစီးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
▪️ နှလုံးကြွက်သားတွေ ပုံမှန်ထက် ထူထဲလာတဲ့အခါ နှလုံးလျှပ်စီးစနစ်ကို ထိခိုက်စေပြီး သတိမမူမိဘဲနဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
▪️ နှလုံးရောဂါပုန်းကွယ်နေတဲ့ အားကစားသမားတွေ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးကိုဝန်ပိစေပါတယ်။
▪️ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံစတဲ့ အီလက်ထရိုလိုက်များ ပုံမှန်ပမာဏ မဟုတ်တဲ့အခါမှာလည်း နှလုံးခုန်ပုံစံကို နှောင့်ယှက်စေပါတယ်။
▪️ ရုတ်တရက်နှလုံးရပ်တဲ့ မျိုးရိုးရှိပါကလည်း နှလုံးခုန်မမှန်ခြင်းမျိုး ဖြစ်နိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။
▪️ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နှလုံးကြွက်သား ရောင်ရမ်းခြင်းမျိုးကလည်း နှလုံးရပ်ခြင်း ဖြစ်နိုင်ပါတယ်။
▪️ ရုတ်တရက်နှလုံးရပ်ခြင်းကို လုံးဝမကာကွယ်နိုင်ပေမယ့် ဖြစ်နိုင်ခြေလျှော့ချနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
▪️ ECG လိုမျိုး ပုံစံစစ်ဆေးခြင်း၊ နှလုံးကျန်းမာရေး ညီညွတ်စေမယ့် စားသောက်မှုပုံစံ လေ့ကျင့်ခန်း ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ မူးဝေခြင်း ရင်ဘတ်အောင့်ခြင်းလို လက္ခဏာများ သတိထားသိရှိခြင်း၊ မိသားစုမျိုးရိုးမှာ ဖြစ်ဖူးခြင်းရှိပါက စစ်ဆေးမှုပြုလုပ်ကာ သတိထားခြင်းတို့ ဆောင်ရွက်နိုင်ပါတယ်။
▪️ ကဖင်းဓာတ်ပါတဲ့ အားဖြည့်အချိုရည်များက နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။
▪️ ဒါကြောင့် နှလုံးကိုကာကွယ်ဖို့အတွက် ကြိုတင်ကာကွယ်ခြင်းနဲ့ စောစီးစွာသိရှိခြင်းတို့ အဓိကကျတယ်လို့ ဒေါက်တာခေဆဲက ပြောသွားပါတယ်။
#Source: India Today