#World_News
Published 19 December 2024
▪️ အမေရိကန်မှာ ဗုဒ္ဓဟူးနေ့က ငှက်တုပ်ကွေးကူးစက်ခံရသူ ပထမဆုံးတွေ့ရှိခဲ့ကာ ကူးစက်ခံရသူ လူဝီစီယာနာသားဟာ ရောဂါပိုးရှိနေတဲ့ အိမ်နောက်ဖေးရှိ ငှက်အုပ်နဲ့ထိတွေ့ပြီးနောက် ဆေးရုံမှာ အရေးပေါ်ကုသခံယူနေရပါတယ်။
▪️ လူဦးရေအထူထပ်ဆုံး ကယ်လီဖိုးနီးယားမှာ H5N1 ဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
▪️ H5N1 က နို့စားမွေးမြူရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီး ယခုနှစ်အတွင်း မွေးမြူရေးလုပ်သား ဒါဇင်ခန့်မှာ ရောဂါကူးစက်ထားပါတယ်။
▪️ ၂၀၂၄ အတွင်း နို့စားနွားမှာ ပထမဆုံးကူးစက်ခဲ့တာဖြစ်ပြီး အစိုးရအရာရှိများက ရောဂါပျံ့ပွားမှုကို မထိန်းချုပ်နိုင်ခဲ့သလို အချို့လုပ်သားများကလည်း ရောဂါစစ်ဆေးမှုနဲ့ ထိန်းချုပ်ရေး အတိုင်းအတာများ ဆောင်ရွက်ရန် ငြင်းဆန်နေကြပါတယ်။
▪️ လူဝီစီယာနာလူနာမှာ အသက်ရှူလမ်းကြောင်း လက္ခဏာ ဆိုးရွားနေပြီး ဒါဟာ ကျန်းမာရေးအန္တရာယ် ဆိုးရွားနိုင်တဲ့သဘော မြင်နေရပြီး ယခင်ဗိုင်းရပ်စ်ကတော့ ရောဂါကူးစက်ခံရသူ လုပ်သားတွေမှာ မျက်လုံးနီမြန်းခြင်း၊ မျက်မြှေးရောင်ခြင်းတို့ ဖြစ်ခဲ့ပါတယ်။
▪️ ငှက်တုပ်ကွေးက လူတွေမှာ ဘေးအန္တရာယ် နည်းပါးနေဆဲဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ပြောပါတယ်။
▪️ ဧပြီလတည်းက ငှက်တုပ်ကွေးကူးစက်သူပေါင်း ၆၁ ဦးရှိကာ အများစုက ရောဂါကူးစက်ခံရတဲ့ နွားတွေရှိနေတဲ့မွေးမြူရေးခြံတွေက လုပ်သားတွေဖြစ်ပါတယ်။
▪️ ရောဂါကူးစက်ထားတဲ့ ကြက်ဘဲတွေကို သုတ်သင်ရတဲ့လုပ်သားတွေမှာလည်း ဗိုင်းရပ်စ်တွေ့ရှိခဲ့ကြပါတယ်။
▪️ လူဝီစီယာနာမှ လူနာဟာ အသက်ရှူလမ်းကြောင်းပြဿနာ ပြင်းထန်နေပြီး အသက် ၆၅ နှစ်ကျော်ပြီဖြစ်ကာ နောက်ခံရောဂါများရှိတဲ့အတွက် ကျန်းမာရေးအန္တရာယ် များစေတာဖြစ်တယ်လို့ လူဝီစီယာနာ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
▪️ အမေရိကန်မှာ နွားနို့အများဆုံးထုတ်လုပ်ရာ နေရာတွေထဲကတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာ ဩဂုတ်လနောက်ပိုင်း နွားအုပ်ပေါင်း ၆၄၉ အုပ်မှာ ဗိုင်းရပ်စ်တွေ့ရှိထားကာ အကြမ်းဖျင်းအားဖြင့် ၆၀ ရာခိုင်နှုန်းခန့် ကူးစက်ထားတာ ဖြစ်ပါတယ်။
#Source: Reuters