#World_Health
Published 19 December 2024
▪️ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ၊ အိပ်မပျော်ခြင်း၊ အဝလွန်ခြင်းနဲ့ အချို့သော မျိုးဗီဇပြဿနာများကြောင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများစေနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်၊ တွေးတောမှုစွမ်းရည်တို့ကို ဖျက်ဆီးလာနိုင်ပါတယ်။
▪️ လော့စ်အိန်ဂျလိစ်မှ အသိအမှတ်ပြု မေ့ဆေးဆရာဝန်တစ်ဦးက ဒီမန်ရှာဖြစ်နိုင်ခြေ များစေတဲ့ ဆေး ၅ မျိုးကို ဖော်ပြသွားပါတယ်။
▪️ - Benadryle(ဘီနာဒရိုင်းလ်)
ဒိုင်ဖန်ဟိုက်ဒရာမင်းလို့လည်း ခေါ်တဲ့ ဘီနာဒရိုင်းလ်၊ အီလာဗီးလ်တို့လို antihistamine နဲ့ anticholinergic ဆေးတွေကို ရေရှည်အသုံးပြုပါက ဒီမန်ရှာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နိုင်တယ်လို့ ဟာဆန်က ဆိုပါတယ်။
▪️ ဘီနာဒရိုင်းလ်ဟာ နှာစေးချောင်းဆိုး၊ ဓာတ်မတည့်ခြင်း၊ အအေးမိဖျားနာလက္ခဏာများ သက်သာဖို့ အသုံးပြုတာ ဖြစ်ပါတယ်။
▪️ - Opiates(အိုပီယေ့တ်)
မော်ဖင်းလိုမျိုး အိုပီယေ့တ်တွေ ပုံမှန်အသုံးပြုပါက ဦးနှောက်ကို ထိခိုက်လာနိုင်ပါတယ်။
▪️ မေ့ဆေးထဲမှာ ပါဝင်တဲ့ အဓိကပစ္စည်းဖြစ်ပြီး မေ့ဆေးပေး ခွဲစိတ်မှုပြုလုပ်ပြီးနောက် ၃ နှစ်မှ ၇ နှစ်အတွင်း ဒီမန်ရှာဖြစ်နိုင်ခြေ ၂ ဆနီးပါးများစေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ - Omeprazole(အိုမီပရာဇိုးလ်)
အစာမကြေခြင်း၊ ရင်ပူခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့ သက်သာဖို့အတွက် အစာအိမ်ထဲက အက်ဆစ်လျှော့ချပေးတဲ့ အိုမီပရာဇိုးလ်ကို ပုံမှန်သောက်သုံးမိပါက ဦးနှောက်ထဲမှာ ဘီတာအမိုင်လွိုက်တွေ များလာပြီး ဒီမန်ရှာဖြစ်စေတယ်လို့ ဟာဆန်က ပြောပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့မှုလည်း ဖြစ်လာနိုင်ကာ မှတ်ဉာဏ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်များကို သက်ရောက်နိုင်တယ်လို့ ယူဆထားပါတယ်။
▪️ - Benzodiazepines(ဘင်ဇိုဒိုင်ယာဇီပင်)
ဒိုင်ယာဇီပင်လို့ လူသိများတဲ့ဆေးက အိပ်မပျော်ခြင်း၊ သောကရောက်ခြင်းတို့အတွက် အသုံးပြုကြပါတယ်။
▪️ ဒီဆေးကိုလည်း ရေရှည်အသုံးပြုပါက ဒီမန်ရှာဖြစ်စေနိုင်ကာ ဗဟိုအာရုံကြောစနစ်ထဲရောက်ရှိပြီး ဦးနှောက်တစ်ခုလုံးကို ထုံထိုင်းစေပါတယ်။
▪️ - Tricyclic antidepressants(ထရိုင်ဆိုက်ကလစ် စိတ်ကျသက်သာဆေး)
စိတ်ဓာတ်ကျခြင်း လက္ခဏာအတွက် အသုံးပြုကြတဲ့ Norpramin နဲ့ Vivactil တို့လိုဆေးတွေကို အိပ်မပျော်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့အတွက် အသုံးပြုတတ်ကြပါတယ်။
▪️ သူတို့က ဒီမန်ရှာဖြစ်နိုင်ခြေ များစေတဲ့အထောက်အထားတော့ တိတိကျကျ မတွေ့ထားပါဘူး။
▪️ အဆိုပါဆေးတွေကို အသုံးပြုနေရင်း ဆေးဖြတ်ဖို့ စဉ်းစားတဲ့အခါ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်တယ်လို့လည်း အကြံပြုသွားပါတယ်။
#Source: New York Post