#World_Health
Published 09 December 2024

▪️ အအေးမိ ဖျားနာခြင်းကြောင့် အဆက်မပြတ် ချောင်းဆိုးနိုင်ကာ နေ့စဉ်ဘဝမှာ အားအင်ကုန်ခမ်း စိတ်ပျက်ရပါတယ်။

▪️ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းတို့ကို ရှင်းထုတ်ရန် ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း တုံ့ပြန်တာလည်း ဖြစ်ပါတယ်။

▪️ ချောင်းဆိုးသက်သာစေဖို့အတွက် ချောင်းဆိုးပျောက်ဆေးတွေ ရှိနေသလို အိမ်တွင်းနည်းလမ်းများကလည်း ချောင်းဆိုးခြင်းကို ဘေးထွက်ဆိုးကျိုး မရှိဘဲ ဈေးသက်သက်သာသာဖြင့် သက်သာစေနိုင်ပါတယ်။

▪️ (၁) ပျားရည် - လည်ချောင်းယားယံမှုကို သက်သာစေပြီး ပိုးသေစေတဲ့ အာနိသင်ရှိကာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများကို သက်သာစေပါတယ်။

▪️ (၂) ဂျင်း - ဂျင်းပြုတ်ရည်သောက်ခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပြီး ကြွက်သားများကို ပြေလျော့စေကာ ချွဲသလိပ်ကင်းစေပါတယ်။

▪️ (၃) နနွင်း - နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်က ရောဂါပိုးမွှားသေစေနိုင်ကာ လည်ချောင်းထဲမှာ ခုခံအားမြှင့်တင်ပေးပါတယ်။

▪️ (၄) ဆားရည် - ဆားရည်ဖြင့် အာလုတ်ကျင်းခြင်းက လည်ချောင်းရောင်ရမ်းမှုကို လျှော့ချပေးကာ ချွဲသလိပ်များ ပျော်စေပြီး ယားယံမှုကို သက်သာစေပါတယ်။

▪️ (၅) ရေနွေးငွေ့ရှူခြင်း - ချောင်းဆိုးခြင်း ချွဲကြပ်ခြင်းတို့ကို သဘာဝအတိုင်း ရှင်းလင်းစေကာ အသက်ရှူလမ်းကြောင်းကို စိုစွတ်စေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။

▪️ (၆) နွယ်ချိုမြစ် - နွယ်ချိုမြစ်က တစ်ရှူးရောင်ရမ်းခြင်းကို ချောမွေ့စေကာ ချွဲပျော်စေပါတယ်။

▪️ (၇) ကြက်သွန်နီရည် - ရောဂါပိုးသန့်စင်ပေးတဲ့ အစွမ်းသတ္တိကြောင့် လည်ချောင်းချောမွေ့စေပြီး ချွဲသလိပ်များ ဖယ်ရှားပေးပါတယ်။

▪️ (၈) ပူရှိန်းအကြမ်းရည် - လည်ချောင်းရှင်းစေပြီး ချွဲပျော်စေတဲ့အပြင် ချောင်းဆိုးချင်စိတ်ကိုလည်း လျှော့ချပေးပါတယ်။

▪️ (၉) စမုန်ဖြူအကြမ်းရည် - လည်ချောင်းကြွက်သားကို ပြေလျော့စေကာ ချောင်းဆိုးခြင်းကို သက်သာစေပြီး ချွဲသလိပ်ရှင်းစေပါတယ်။

#Source: DoctorNDTV