၈ ဒီဇင်ဘာ ၂၀၂၄

◾️ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို  စွန့်လွှတ်လိုက်သောကြောင့်  အာဆတ် ကျရှုံး သွားတာဖြစ်တယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။

◾️အဲဒီအကြောင်းကို ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာရေးခဲ့တာဖြစ်ပြီး “ အာဆတ်က သွားပြီ။ နိုင်ငံက ထွက်ပြေးသွားပြီ။ သူ့ကို အကာအကွယ်ပေးတဲ့ ဗလက်ဒီမာပူတင်ဦးဆောင်တဲ့ ရုရှား..ရုရှား..ရုရှား ဟာ သူ့ကို ဆက်ပြီးအကာအကွယ်ပေးဖို့ စိတ်မဝင်စားတော့ဘူး” လို့ ရေးခဲ့ပါတယ်။

◾️“ ရုရှားအနေနှင့် ပထမနေရာကို ပေးစရာအကြောင်းမရှိဘူး။ မစသင့်ခဲ့တဲ့ ပြီးတော့ အမြဲတမ်းရှိနေမယ့် ယူကရိန်းစစ်ပွဲကြောင့် သူတို့က ဆီရီးယားကို စိတ်ဝင်စားမှုမရှိတော့ဘူး” လို့ ထရမ့်ကရေးပါတယ်။

◾️ထရမ့်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် စနေနေ့က ပါရီမှာ Notre-Dame ကျောင်းတော် ကြီး ပြန်ဖွင့်ပွဲအတွင်း တွေ့ခဲ့ကြပါတယ်။

◾️ယူကရိန်းစစ်ကိုမြန်မြန်ရပ်တန့်ပစ်ဖို့ကြိုးစားမယ်လို့ ထရမ့်ကပြောပါတယ်။

◾️ရုရှားရော ယူကရိန်းနှစ်နိုင်ငံစလုံး  စစ်သားတွေရာထောင်သေပြီးဒဏ်ရာရရှိထားကြတယ်။ ယူကရိန်း ဆိုရင် အရပ်သားတွေ တော်တော်များများသေဆုံးကြရတယ်။ ယူကရိန်းခေါင်းဆောင်က အပေးအယူ  လုပ်ပြီး ဒီမိုက်မဲမှုကို အဆုံးသတ်ချင်နေတယ်။ အပစ်အခတ်ချက်ခြင်းရပ်ကြပြီး စေ့စပ်ညှိနှိုင်းပွဲတွေ   စသင့်တယ် လို့ ထရမ့်ကပြောပါတယ်။

◾️“ ကျွန်တော် ဗလက်ဒီမာကိုကောင်းကောင်းသိတယ်။ ဒီအချိန်ဟာလုပ်ရတော့မယ်အချိန်ပါ၊ တရုတ်က ကူညီနိုင်တယ်။ ကမ္ဘာကစောင့်ဆိုင်းနေတယ်” လို့သူကဆက်ပြောပါတယ်။

Source: Reuters