#World_Health
Published 09 December 2024
▪️ လမ်းလျှောက်ခြင်းဖြင့် နှလုံးကျန်းမာရေး၊ အိပ်စက်ခြင်း၊ စိတ်အခြေအနေတို့ တိုးတက်စေတာ သိရှိထားသလို ယခုသုတေသနမှာတော့ နေ့စဉ် တစ်နာရီ ၃ မိုင်နှုန်းဖြင့် မိနစ် ၁၆၀ လမ်းလျှောက်ပါက သက်တမ်း ၁၀ နှစ်ကျော် အသက်ရှည်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ အမေရိကန်မှ အသက် ၄၀ နဲ့အထက်လူတွေကို လေ့လာခဲ့ကြပြီး အနည်းဆုံး ၄ ရက်ကြာအောင် စောင့်ကြည့်ရေးကိရိယာ တပ်ဆင်ခိုင်းခဲ့ပါတယ်။
ဒီနောက် လှုပ်ရှားမှုအတိုင်းအတာနဲ့ အသက်ဘယ်လောက် ရှည်လဲဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးလှုပ်ရှားသူတွေက ပျမ်းမျှနေထိုင်သက်တမ်း အရှည်ဆုံးဖြစ်နေတာကို နှိုင်းယှဉ်တွေ့ခဲ့ကြပါတယ်။
▪️ နေ့စဉ် တစ်နာရီ ၃ မိုင်နှုန်းဖြင့် မိနစ် ၁၆၀ လမ်းလျှောက်ပါက ပျမ်းမျှသက်တမ်းဟာ ၇၈.၆ နှစ်ကနေ ၈၄ နှစ်အထိ မြင့်တက်လာပါတယ်။
▪️ လှုပ်ရှားမှုအနည်းဆုံးသော ၂၅ ရာခိုင်နှုန်းကတော့ ပျမ်းမျှသက်တမ်း ၆ နှစ်ခန့် တိုတောင်းခဲ့ပေမယ့် နေ့စဉ် ၁၁၁ မိနစ်ပိုပြီး လှုပ်ရှားပေးပါက အသက် ၁၁ နှစ်နီးပါး အသက်ပိုရှည်လာတာကို တွေ့ခဲ့ကြပါတယ်။
▪️ လှုပ်ရှားမှုအနည်းဆုံးသူတွေဟာ တစ်နေ့ကို ၁ နာရီမျှ လမ်းပိုလျှောက်ပေါးပါက အသက်ရှည်လာနိုင်တယ်လို့ နှလုံးကာကွယ်ရေးဆရာဝန် အက်ဒီဒါပိုအီလူယိုမာဒီက ပြောသွားပါတယ်။
▪️ လမ်းလျှောက်ခြင်းက အလွယ်ကူဆုံး လှုပ်ရှားမှုဖြစ်ပြီး အကျိုးကျေးဇူးအများဆုံးလည်း ဖြစ်ပါတယ်။
▪️ နှလုံးသွေးကြော ကျန်းမာရေးတိုးတက်စေခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ ပေးစွမ်းနိုင်ပြီး နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ လျှော့ချပေးပါတယ်။
▪️ ဒါကြောင့် အချိန်အများကြီးပေးပြီး မလျှောက်နိုင်ရင်တောင် နည်းနည်းချင်းစီ အချိန်ပေးလမ်းလျှောက်ခြင်းဖြင့် အသက်ရှည်ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
#Source: Prevention.