၁၅ ဇွန် ၂၀၂၅
အိန္ဒိယနိုင်ငံ ဥတ္တရခန္ဓ ပြည်နယ်၏ အစွန်အဖျားအရပ်တစ်ခုတွင် ဇွန် ၁၅ ရက် မနက်စောစောပိုင်းက ရဟတ်ယာဉ်တစ်စီးပျက်ကျရာ လူအနည်းဆုံး (၇)ဦးသေဆုံးသွားခဲ့ရပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ရဟတ်ယာဉ်မောင်းနှင့် ဘုရားဖူးခရီးသည် (၆)ဦးခန့်တို့လိုက်ပါသွားကြတယ်လို့ ကနဦးသတင်းများအရသိရပါတယ်။ခရီးသည်ထဲမှာ နို့စို့အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။
အာရန်လေကြောင်းကုမ္ပဏီက ပိုင်ဆိုင်တဲ့ အဆိုပါ ရဟတ်ယာဉ်သည် ဂေါရီခန် နှင့် တရီဂျူဂင်နာယာယန် အကြား မှာ ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
ရဟတ်ယာဉ်ဟာ ဂူပကာရှီမြို့သို့သွားရောက်ရန် ကီဒါနတ်မြို့မှ မနက် ၅နာရီခွဲမှ ပျံတက်ခဲ့ပြီး သိပ်မကြာ ခင်မှာ ပျက်ကျသွားခဲ့ရတယ်လို့ ပြည်နယ်လေကြောင်းအာဏာပိုင်ဌာနကပြောပါတယ်။
လေယာဉ်ဟာ ရာသီဥတုဆိုးရွားတဲ့အတွက် ပျက်ကျခဲ့တာဖြစ်တယ်လို့ ခရိုင်ဘးအန္တရာယ်စီမံခန့်ခွဲရေး အရာရှိ နန်ဒန်ဆင်းရပ်ချ်ဝါက မီဒီယာတွေကို ပြောပါတယ်။
ပျက်ကျတဲ့နေရာဟာ အစွန်အဖျားဒေသဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီနေရာကို သွားရောက်နေကြတယ်လို့ စစ်ဆေးရေးမှူးချုပ် ရာဂျစ် ဆွာရုက ပြောပါတယ်။
“ရဟတ်ယာဉ်ပျက်ကျတဲ့သတင်းကြား၇လို့ အလွန်ပဲစိတ်ထိခိုက်ရပါတယ်” လို့ ပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ်ကာဆင်းဒါမီကပြောပါတယ်။
Source Time of India