#World_Health
Published 15 June 2025

▪️ နယူးဇီလန်မှ အသက် ၄၇ နှစ်အရွယ် ကာမယ်လာဆိုတဲ့ အမျိုးသမီးဟာ အဆင့် ၄ သားဥအိမ်ကင်ဆာ တွေ့ရှိပြီးနောက် ပြန်လည်သက်သာဖို့ မျှော်လင့်ချက်တွေ ကျဆင်းသွားပါတယ်။

▪️ ခွဲစိတ်မှုနှစ်ခု ပြုလုပ်ပြီးတဲ့နောက် အကျိတ်ပျံ့နှံ့မှုကို မထိန်းနိုင်တော့ဘဲ တင်ပါးရိုး၊ လင့်အကျိတ်များ၊ အဆုတ်များမှာပါ ပျံ့နှံ့လာကာ နယူးဇီလန်မှာ ဘာနည်းလမ်းမှ မရှိတော့ပါဘူး။

▪️ အိန္ဒိယကိုရောက်လာပြီး ပေါင်းစပ်နည်းလမ်းဖြင့် ကင်ဆာကုသခဲ့ပါတယ်။
ဂုရုဂရမ်ရှိ ကင်ဆာရောဂါဌာနမှာ ဓာတုကုထုံး၊ အာဟာရဖြည့်စွက်ခြင်းနဲ့ ဗိုက်တာမင်-စီ၊ ကာကူမင်တို့လို သဘာဝဒြပ်ပေါင်းများ အပါအဝင် သမာရိုးကျနဲ့ သီးသန့်ကုထုံးများ ခံယူခဲ့ပါတယ်။

▪️ ၃ လအကြာမှာတော့ ကင်ဆာမရှိတော့ဘူးလို့ အတည်ပြုလိုက်ပါတယ်။

▪️ အဆိုပါ ပေါင်းစပ်နည်းလမ်းဟာ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်၊ အာဟာရလိုအပ်ချက်အတိုင်း ခွဲစိတ်ခြင်း၊ အသိသတိယှဉ်အလေ့အကျင့်များ၊ အာယုဗေဒလို ရိုးရာဆေးနည်းများ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

▪️ ဒီနည်းလမ်းမှာ အဓိကကျတာက လူနာတစ်ဦးချင်းစီရဲ့ ထူးခြားကွဲထွက်တဲ့ မျိုးဗီဇအတိုင်း ကုသတာဖြစ်ပါတယ်။

▪️ "အကျိတ်မျိုးဗီဇ ဘယ်လိုပြုမူသလဲဆိုတဲ့အပေါ် မူတည်ကာ ဓာတုကုထုံးကစလို့ အစားအစာများအထိ အလိုက်သင့်ပြုပြင်ပေးတယ်" လို့ ကင်ဆာမျိုးဗီဇသုတေသီ ရိုရှီကာတီဝါရီက ပြောပါတယ်။

▪️ အာဟာရချို့တဲ့ခြင်းနဲ့ ကြွက်သားဆုံးရှုံးခြင်းတို့က လူနာကိုအားနည်းစေတာကြောင့် အာဟာရဖြည့်စွက်မှုကလည်း ပြန်လည်သက်သာရေးမှာ အရေးပါပါတယ်။

▪️ ဒါပေမဲ့ ကာကူမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အာယုဗေဒဆေးပင်များ၊ သဘာဝပစ္စည်းများက ဓာတုကုထုံးနဲ့ ဘယ်လိုဓာတ်ပြုဖြစ်ပေါ်လဲဆိုတာ သေချာစမ်းသပ်ထားခြင်း မရှိပါဘူး။

▪️ ကာမယ်လာလို လူနာအတွက် ပေါင်းစပ်ကုသနည်းက အပြောင်းအလဲ ဖြစ်စေပေမယ့် တခြားသူတွေအတွက်တော့ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။

#Source: India Today