#World_Science
Published 15 June 2025

▪️ အလင်းနီပိုးမျှင်များ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ပင့်ကူများကို ဂျာမနီသုတေသီများ အောင်မြင်စွာဖန်တီးလိုက်ပါတယ်။

▪️ မျိုးဗီဇပြုပြင်ပင့်ကူတွေက ခရမ်းလွန်ရောင်ခြည် အလင်းအောက်မှာဆိုရင် နီလင်းနေတဲ့ ပင့်ကူမျှင်ထုတ်လုပ်နိုင်ကာ ပင့်ကူမျိုးဗီဇထဲကို ပြင်ပမျိုးဗီဇပစ္စည်း အောင်မြင်စွာ ပေါင်းစပ်ထည့်နိုင်လိုက်တာ ဖြစ်ပါတယ်။

▪️ ပင့်ကူတွေက ရှုပ်ထွေးတဲ့အပြုအမူတွေ မျိုးပွားစနစ်တွေ ရှိတာကြောင့် မျိုးဗီဇပြုပြင်ဖို့ ခက်ခဲခဲ့ပေမယ့် အိမ်တွေမှာ တွေ့ရတတ်တဲ့ Parasteatoda tepidariorum ပင့်ကူမျိုးစိတ်နဲ့မှာတော့ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

▪️ နိုဘယ်ဆုရရှိထားတဲ့ CRISPR-Cas9 မျိုးဗီဇပြုပြင်နည်းပညာကို အသုံးပြုကာ အလင်းနီပရိုတိန်းကို မျိုးမအောင်တဲ့ ပင့်ကူဥတွေထဲ ထည့်သွင်းနိုင်ခဲ့ပါတယ်။

▪️ ဒီပြုပြင်မှုက ပင့်ကူပေါက်တွေဆီ ဆင့်ကမ်းနိုင်ခဲ့ကာ အလင်းနီပိုးမျှင်များ ထုတ်လုပ်နိုင်တဲ့ ပင့်ကူမျိုးဆက် ဖြစ်လာပါတယ်။

▪️ ပင့်ကူပိုးမျှင်က အလေးချိန်ညီမျှတဲ့ သံမဏိကြိုးထက် ၅ ဆပိုခိုင်မြဲသလို ပိုမိုပေါ့ပါးပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။

▪️ ဒီလိုအစွမ်းသတ္တိတွေကို ပြုပြင်မြှင့်တင်ပေးပြီး ပိုးမျှင်တွေ ပိုမိုသန်မာကြံ့ခိုင်လာနိုင်အောင် အမိုင်နိုအက်ဆစ်အသစ်တွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။

▪️ အောင်မြင်စွာ မျိုးဗီဇပြုပြင်နိုင်ခြင်းက လုပ်ငန်းကဏ္ဍအမျိုးမျိုးမှာ လက်တွေ့အသုံးချပုံအမျိုးမျိုးအတွက် လမ်းဖွင့်ပေးသလို ဖြစ်လာမှာပါ။

▪️ ဒါပေမဲ့ မျိုးဗီဇပြုပြင်ရာမှာ အမြဲတမ်းမျှခြေဖြစ်အောင် စဉ်းစားရပြီး မမြင်နိုင်တဲ့ အကျိုးဆက်တွေအတွက်လည်း ထည့်စဉ်းစားရပါတယ်။

▪️ အလင်းနီပင့်ကူမျှင်သုတေသနကတော့ သိပ္ပံပညာမှာ အခက်အခဲတွေမှာ ဘယ်လောက်အထိ ကျော်ဖြတ်နိုင်လဲဆိုတာကို ဖော်ပြနေပါတယ်။

#Source: ThinkStewartVille