#World_Science
Published 16 June 2025

▪️ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က သမုဒ္ဒရာအောက်မှာ ဖုံးကွယ်နေတဲ့မြို့တစ်မြို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆန်းပြားစွာပျောက်ဆုံးနေတဲ့ မြို့ကြီးရဲ့ ပထမဆုံးအထောက်အထား အခိုင်အမာကို ပြသလိုက်တာ ဖြစ်ပါတယ်။

▪️ အင်ဒိုနီးရှားအနီး မက်ဒူရာရေလက်ကြားမှာ နှစ်ပေါင်း ၁၄၀,၀၀၀ ခန့်သက်တမ်းရှိတယ်လို့ ယူဆရတဲ့ Homo erectus ဦးခေါင်းခွံအပြင် ဖွတ်နဲ့ ဆင်တွေလိုမျိုး မျိုးစိတ် ၃၆ ခုမှ ရုပ်ကြွင်းပေါင်း ၆ ထောင်ကျော်တွေ့ရှိခဲ့ပါတယ်။

▪️ ဒီအကြွင်းအကျန်တွေကို ဧရာမကုန်းတံတားကြီး Sundaland ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ နေရာအောက်မှာ တွေ့တာဖြစ်ပြီး အချို့သတ္တဝါအရိုးတွေဆိုရင် အစောပိုင်းခေတ်က လူသားတွေ အမဲလိုက်ကြတဲ့ အလေ့အထတွေကို မြင်သာစေပါတယ်။

▪️ ၂၀၁၁ ခုနှစ်က သဲတူးဖော်သူတွေက ရုပ်ကြွင်းတွေအပေါ် ရောက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှ သိပ္ပံပညာရှင်တွေဟာ ယင်းတို့ရဲ့ သက်တမ်းကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄,၀၀၀ မှ ၇,၀၀၀ အတွင်း ရေခဲပြင်များ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် တက်လာသဖြင့် Sundaland ရဲ့ အောက်ခြေသောင်ပြင်တွေ နစ်မြုပ်ခဲ့ပါတယ်။

▪️ တောင်ကြားနဲ့ ရုပ်ကြွင်းတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၂,၀၀၀ နဲ့ ၁၁၉,၀၀၀ ကြားရှိမယ်လို့ သုတေသီများ ခန့်မှန်းနေကြပါတယ်။

▪️ ယနေ့ခေတ်ဆင်တွေနဲ့ ဆင်တူတဲ့ အရွက်စားသတ္တဝါကြီးရဲ့ ရုပ်ကြွင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

▪️ သမင်ဒရယ်အမျိုးမျိုးကိုလည်း တွေ့ရပြီး အသက်ရှင်နေထိုင်ဖို့ လုံလောက်တဲ့ အစာရေစာတွေ ရှိတယ်လို့ ယူဆရပါတယ်။

#Source: The Express