#World_Military
Published 15 June 2023


ဘီလာရုစ်သမ္မတ'အလက်ဇန်းဒါးလူကာရှန်ကို'က ယင်းနိုင်ငံအနေနဲ့ ရုရှားရဲ့ဗျူဟာမြောက်နျူကလီးယားလက်နက်များ ပေးပို့မှုကို စတင်လက်ခံနေပြီလို့ ပြောကြားလိုက်ပါတယ်။

 

ဇွန်လ ၁၄ ရက်နေ့မှာ စတင်လက်ခံခဲ့တာဖြစ်ပြီး လူကာရှန်ကိုရဲ့ပြောကြားချက်အရ အချို့လက်နက်တွေဟာ ၁၉၄၅ ခုနှစ်က အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့မှာကျဲခဲ့တဲ့ အဏုမြူဗုံးများထက် ၃ ဆ ပိုမိုအားပြင်းကြောင်း သိရပါတယ်။

 

ပြင်းအားလျော့တာတိုနျူကလီးယားလက်နက်များကို စစ်မြေပြင်မှာ အသုံးပြုနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက အခိုင်အမာဆိုထားပါတယ်။

 

အမှန်တကယ်အသုံးပြုဖြစ်ပါက ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုပြိုလဲပြီးနောက်ပိုင်း ရုရှားနိုင်ငံပြင်ပမှာ ပထမဆုံးအသုံးပြုခြင်း ဖြစ်လာမှာဖြစ်ပါတယ်။

 

လူကာရှန်ကိုက ရုရှားပိုင် ရိုဆီယာ-၁ တီဗီချန်နယ်နဲ့ အင်တာဗျူးရာမှာ "ကျွန်တော်တို့မှာ ရုရှားထံကလက်ခံရရှိထားတဲ့ ဒုံးကျည်တွေနဲ့ဗုံးတွေ ရှိထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ရုပ်သံရိုက်ကူးထားတဲ့ပုံရိပ်တွေထဲမှာ နောက်ခံမှာ စစ်ရေးသိုလှောင်ရာအဆောက်အအုံအချို့ကို မြင်တွေ့ရပါတယ်။


ယူကရိန်းစစ်ပွဲကာလအတွင်း ယခုနှစ်မတ်လအစောပိုင်းက ရုရှားသမ္မတ'ပူတင်'က ဘီလာရုစ်မှာ နျူကလီးယားလက်နက်များ ဖြန့်ကျက်ထားရန် ကြေညာထားပါတယ်။

 

ထိုကြေညာချက်ကို အမေရိကန်နဲ့ အနောက်နိုင်ငံများက ဝေဖန်ခဲ့ပေမယ့် အမေရိကားကတော့ သူတို့ရဲ့မဟာဗျူဟာမြောက်နျူကလီးယားလက်နက် ရပ်တည်ချက်ကို ပြောင်းလဲဖို့ရည်ရွယ်ချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

 

ရုရှားကလည်း နျူကလီးယားလက်နက် အသုံးပြုဖို့ပြင်ဆင်နေတဲ့ အရိပ်အယောင်လည်း မမြင်ရကြောင်း ပြောကြားထားတာကြာပါပြီ။

 

ဘီလာရုစ်မှာ ဆိုဗီယက်ခေတ်က ကျန်ခဲ့တဲ့ နျူကလီးယားသိုလှောင်ရုံအများအပြားရှိနေပြီး ၅ ခုလောက်ကို ပြန်လည်ပြင်ဆင်ထားတယ်လို့ လူကာရှန်ကိုက ပြောကြားခဲ့ပါတယ်။

 

ဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ထားမယ့်နေရာအတိအကျကိုတော့ ရုရှားရော ဘီလာရုစ်ကပါ ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။

 

အမေရိကန်ဖက်ဒရေးရှင်းသိပ္ပံပညာရှင်များကတော့ ထိုလက်နက်များဟာ လစ်သူရေးနီးယားနယ်စပ်မှ ၄၀ ကီလိုမီတာအကွာ လီဒါလေတပ်အခြေစိုက်စခန်းမှာ တည်ရှိနေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

 

ဘီလာရုစ်နိုင်ငံဟာ နေတိုး(NATO)အဖွဲ့ဝင်တွေဖြစ်တဲ့ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ ပိုလန်နိုင်ငံတို့နဲ့ နယ်နမိတ်ထိစပ်နေတာဖြစ်ပါတယ်။

 

Source: WION #World_Military #ဟီရိုရှီးမားဗုံးထက်၃ဆပြင်း #နျူကလီးယားလက်နက်များ
#YMG #Yangon_Media_Group