#World_Science
Published 15 June 2023


ကမ္ဘာမြေကြီးသာ ကြောက်မက်ဖွယ်ဆွဲငင်အားရှိတဲ့ တွင်းနက်ကြီး(black hole)ထဲသို့ ကျသွားခဲ့ပါက အလင်းရောင်ပင်မထွက်နိုင်ဘဲ လူ့ခန္ဓာကိုယ်ဟာလည်း ခေါက်ဆွဲရှည်ပုံစံလိုမျိုး ပြောင်းလဲသွားဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များ အခိုင်အမာဆိုလိုက်ပါတယ်။

 

တွင်းနက်တွေဟာ အနီးနားရှိ ဖုန်မှုန့်များ ဓာတ်ငွေ့များသာမက ဂြိုဟ်များနဲ့ အခြားတွင်းနက်များကိုပါ စုပ်ယူနိုင်တယ်လို့ သိရှိထားကြပါတယ်။

 

ဂြိုဟ်များကို ဆုတ်ဖြဲပစ်နိုင်ပြီး နီးစပ်တဲ့အရာမှန်သမျှကို စုပ်ယူပစ်နိုင်စွမ်းရှိပါတယ်။

 

ကမ္ဘာမြေကြီးသာ တွင်းနက်ထဲကျရောက်ပါက လွတ်မြောက်နိုင်စွမ်း အလွန်နည်းသွားမှာဖြစ်ပါတယ်။

 

တွင်းနက်ရဲ့ဆွဲငင်အားက အားကောင်းလွန်းတာကြောင့် လူသားများဟာ ခေါက်ဆွဲလိုမျိုး ရှည်ထွက်လာနိုင်တယ်လို့ ဆက္ကဆပ်စ်ဇေဗီးယားကယ်လ်မက်တက္ကသိုလ်မှ ရူပဗေဒပရော်ဖက်ဆာက Daily Mail ကိုပြောကြားခဲ့ပါတယ်။

 

ရှည်ထွက်လာပြီးနောက် ခေါက်ဆွဲလိုမျိုး ပြတ်ထွက်သွားနိုင်တယ်လို့ ဆိုပါတယ်။

 

တွင်းနက်ထဲကိုသာ ကျသွားမယ်ဆိုရင် ကမ္ဘာကြီးကအလျင်အမြန်အဆုံးသတ်သွားမှာဖြစ်ပြီး အရာအားလုံးက ရှည်မျောမျောဖြစ်သွားမှာဖြစ်ပြီး လေထုဖယ်ထုတ်ခံလိုက်ရရင် လေပြတ်လတ်သွားမှာဖြစ်တယ်လို့ အင်ပီရီယယ်လန်ဒန်ကောလိပ်မှ ဒေါက်တာ'ဒေးဗစ်ကလီးမန့်စ်'က ပြောကြားခဲ့ပါတယ်။

 

ကံကောင်းတာက တွင်းနက်ထဲသို့ ကမ္ဘာမြေကြီးကျရောက်နိုင်ချေက သုညနီးပါးဖြစ်နေတာပါပဲ။


လက်ရှိမှာ ကမ္ဘာနဲ့အနီးဆုံးတွင်းနက်ကို Gaia BH1 လို့ခေါ်ပြီး အလင်းနှစ် ၁,၆၀၀ ခန့်ဝေးကွာကာ နေအရွယ်အစားထက် ၁၀ ဆပိုမိုကြီးမားကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

တွင်းနက်တွေရဲ့လျှို့ဝှက်ချက်တွေကိုသိရဖို့ ဂျိမ်းစ်ဝက်ဘ်အာကာသတယ်လီစကုပ်(JWST)ကို ပြင်ဆင်ခဲ့ကြပါတယ်။


တွင်းနက်ကြီးများရဲ့ လမ်းကြောင်းများကိုရှာဖွေဖို့ နက္ခတ္တဗေဒပညာရှင်များ ကြိုးပမ်းနေတာကြောင့် သိပ္ပံပညာရှင်များက တယ်လီစကုပ်များ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

တွင်းနက်ဖွဲ့စည်းမှုနောက်ကွယ်မှ သိပ္ပံပညာကို ပိုမိုနားလည်ရန်ကြိုးပမ်းရာမှာ အတွင်းပိုင်းစီးဆင်းမှုကို စောင့်ကြည့်ရန်အတွက် နဂါးငွေ့တန်းဂလက်ဆီ Sgr A အလယ်မှာရှိတဲ့ တွင်းနက်ကို JWST က ဆက်လက်အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Source: WION #World_Science #လူ့ခန္ဓာကိုယ်သည်ခေါက်ဆွဲရှည်ကဲ့သို့ဆွဲဆန့်ရှည်မျောသွားလိမ့်မည်
#YMG #Yangon_Media_Group