#World_Health
Published_ 16 April 2023

အိန္ဒိယမိုးလေဝသဌာနက ဧပြီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ အနောက်ဘင်္ဂလားမှာ အပူလှိုင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။

 

လာမယ့်သီတင်းပတ်များအတွင်း ဒေလီမြို့မှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်ကြောင်း ဒေသတွင်းမိုးလေဝသစင်တာက ခန့်မှန်းထားပါတယ်။

 

ဒီလိုရာသီဥတုမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်မထိန်းသိမ်းနိုင်ရင် အလျင်အမြန်ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။


အာဟာရပညာရှင်'လော့ဗ်နိဘာထရာ'က နွေရာသီမှာသောက်သုံးသင့်တာတွေကို အင်စတာဂရမ်မှာဖော်ပြခဲ့ပါတယ်။

 

(၁) ကုလားပဲဖျော်ရည်
ကုလားပဲက သံဓာတ်၊ မန်ဂန်နိစ်၊ မဂ္ဂနီဆီယမ်ကြွယ်ဝပြီး ဆိုဒီယမ်နည်းပါးတာကြောင့် ချက်ချင်းစွမ်းအင်ပေးနိုင်ကာ အေးမြမှုကိုပေးစွမ်းနိုင်ပါတယ်။

အူလမ်းကြောင်းအတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ အက်ဆစ်များခြင်းတို့ကို ထိန်းညှိပေးပါတယ်။

 

(၂) ထောပတ်နို့
ဒိန်ချဉ်ကနေ ဆား၊ အမွှေးအကြိုင်များထည့်ကာပြုလုပ်ထားပြီး ခန္ဓာကိုယ်အပူကိုလျှော့ချပေးကာ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။

အီလက်ထရိုလိုက်အပြည့်ပါဝင်ကာ ပူစပ်ပူလောင်ဖြစ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။

 

(၃) ဥသျှစ်သီးဖျော်ရည်
ဥသျှစ်သီးမှာ ရိုင်ဘိုဖလေဗင်နဲ့ ဗိုက်တာမင်ဘီပါဝင်ကာ ခန္ဓာကိုယ်စွမ်းအင်ထောက်ပံ့မှုကို ထိန်းသိမ်းပေးပါတယ်။

 

(၄) သခွားသီးဖျော်ရည်
သခွားပူရှိန်းဖျော်ရည်က အေးမြတဲ့စွမ်းရည်ရှိတာကြောင့် လန်းဆန်းအေးမြစေကာ လေဖြတ်ခြင်းအန္တရာယ်ကို ကာကွယ်ပေးပါတယ်။

 

(၅) အုန်းရည်
အုန်းရည်က သဘာဝကပေးတဲ့ ရေဓာတ်ပစ္စည်းပါပဲ။

လူ့ခန္ဓာကိုယ်ကနေ ချွေးအဖြစ်ဆုံးရှုံးသွားတဲ့အရာတွေကို အုန်းရည်က ပြန်လည်ဖြည့်စွမ်းပေးပြီး အေးမြတဲ့စွမ်းရည်ကြောင့် အစာချေစနစ်ကိုကောင်းမွန်စေကာ အစာအိမ်မသက်မသာဖြစ်ခြင်းကို လျှော့ချပေးပါတယ်။


Source: India Today
#World_Health #နွေရာသီအပူလှိုင်းများ #ရေဓာတ်ပြည့်ဝနေစေပြီးကျန်းမာစေမည့်သောက်စရာများ
#YMG #Yangon_Media_Group