#World_Health
Published 17 December 2022

 

အရေပြားကင်ဆာအကျိတ် ပြန်လည်ဖြစ်ပွားခြင်းကို တားဆီးပေးပြီး အခြားကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ မိုဒါနာကင်ဆာကာကွယ်ဆေးအသစ်ဟာ ထိရောက်မှုရှိကြောင်း တွေ့ရှိလာကြောင်း ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

ခွဲစိတ်ပြီးသားလူနာတွေပါ ပါဝင်တဲ့ဒုတိယအဆင့်စမ်းသပ်မှုမှာ ထိုကာကွယ်ဆေးကို Merck မှထုတ်လုပ်တဲ့ Keytruda ကိုယ်ခံအားမြှင့်တင်ဆေးနဲ့ တွဲဖက်အသုံးပြုစေခဲ့ပါတယ်။

 

ထိုအခါ Keytruda တစ်မျိုးတည်း အသုံးပြုတုန်းကထက် အရေပြားကင်ဆာကြောင့် သေဆုံးနိုင်ချေ၊ ရောဂါပြန်လည်ဖြစ်ပွားနိုင်ချေ ၄၄ ရာခိုင်နှုန်း ပိုနည်းသွားပါတယ်။

 

တကယ်ထိရောက်တဲ့ ကင်ဆာကာကွယ်ဆေးကို ပထမဆုံးမြင်တွေ့ရတာဖြစ်ကြောင်း Merck ကုမ္ပဏီမှ ဆေးမှူးချုပ်'အယ်လီယက်ဗ်ဘား'က ပြောပြခဲ့ပါတယ်။

 

ကာကွယ်ဆေးက ပြင်ပမှသုံးသပ်မှု မပြုရသေးပေမယ့် မိုဒါနာကိုဗစ်ကာကွယ်ဆေးရဲ့ mRNA ပုံစံကိုအသုံးချထားတာဖြစ်ပြီး မျိုးရိုးဗီဇနဲ့ ဆက်နွယ်တဲ့နည်းပညာကို ပထမဆုံးအသုံးပြုထားတာဖြစ်ပါတယ်။

ကာကွယ်ဆေးဘေးကင်းစိတ်ချရစေရန် ပိုမိုကြီးမားတဲ့စမ်းသပ်မှုပြုလုပ်သွားဖို့ ကုမ္ပဏီနှစ်ဖက်စလုံးမှ စီစဉ်နေကြပါတယ်။

 

စမ်းသပ်မှုအခြေအနေကောင်းပါက နောက်ထပ်ကင်ဆာအမျိုးအစားတွေကိုပါ စမ်းသပ်ဖို့ ခွင့်ပြုချက်ရသွားနိုင်ပါတယ်။

 

ဆေးနှစ်မျိုးစလုံးနဲ့ ကုသခြင်းက Keytruda ရဲ့ထိရောက်မှုကို ပိုမိုအားကောင်းလာစေပြီး အကျိတ်တွေကိုဖျက်ဆီးဖို့ ခန္ဓာကိုယ်ရောဂါခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

 

Source: NY Post
#Yangon_Media_Group