Published 1 Nov 2022

၁၇ ကြိမ်မြောက် ကမ္ဘာ့ဆဲလ်ဆာပွဲတော် World Salsa Festivalကို ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ ကျင်းပသွားခဲ့ပါတယ်။

ကချေသည်တွေပါတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့(၂၀)ကျော်ဟာ ဆဲလ်ဆာပွဲတော်မှာ လာရောက်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပွဲတော်မှာ အမျိုးအစားများစွာပါဝင်ပြီး ပညာရှင်အဆင့်အစ၊ အပျော်တမ်းအဆင့်အလယ်၊ ကလေးသူငယ်အဆင့်အဆုံး များပြားလှပါတယ်။

အဲဒီများပြားလှတဲ့ အမျိုးအစားအလိုက် ကချေသည်ပေါင်း လေးထောင်ခန့် ယှဉ်ပိုင်ကြပါတယ်။ အိမ်ရှင်ဒေသတွေဖြစ်တဲ့ ကျူဘားနှင့် ကာဘရက်တို့က ကာလေနိုလို့ အကအမျိုးအစားတွေလည်း ပါဝင်ပါတယ်။

ပွဲတော်ကို အောက်တိုဘာ ၂၆ မှ အောက်တိုဘာ ၃၀ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့ကြပြီး  ယခုပွဲဟာ ကျင်းပခဲ့သမျှ  ထဲမှာ လူအများဆုံးတက်ရောက်ကြတဲ့ပွဲလို့ စီစဉ်သူတွေကပြောပါတယ်။

ပြိုင်ပွဲဝင်အများဆုံးနိုင်ငံတွေထဲမှာ ပေါ်တိုရီကိုကထိပ်ဆုံးက ဖြစ်ပြီး ကချေသည် ၁၀၀ ဦး ယှဉ်ပြိုင်ပါတယ်။ ဗင်နီဇွဲလားက ၆၂ ဦးနှင့် အီကွေဒေါက ၁၅ ဦးယှဉ်ပြိုင်ကြပါတယ်။

အကပြိုင်ပွဲကိုတော့ ကာလီမှာ (၂)ရက်ကြာ ကျင်းပခဲ့ရာမှာ ဆန်းကြယ်အံ့မခန်းစရာ အကတွေနှင့် စိတ်လှုပ်ရားစရာ တင်ဆက်သွားခဲ့ကြပါတယ်။

ဆဲလ်ဆာဟာ တောင်အမေရိကားနှင့် ကာရစ်ဘီယံတို့မှာ အလွန့်ကိုလူကြိုက်များပါတယ်။  ကျူဘား ဆဲလ်ဆာစတိုင်နှင့် ဆဲလ်ဆာ ရူအီဒါတို့ဟာ အဓိကစတိုင်(၆)မျိုးထဲက နှစ်မျိုးဖြစ်ပါတယ်။

Source: AFP

 

#World_Salsa_Festival

#Salsa_dances

#Cali_Colombia

Published 1 Nov 2022 ၁၇ ကြိမ်မြောက် ကမ္ဘာ့ဆဲလ်ဆာပွဲတော် World Salsa Festivalကို ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ ကျင်းပသွားခဲ့ပါတယ်။ ကချေသည်တွေပါတဲ့"/>