P

Published 9 August 2022

ဟောလီဝုဒ်နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Six Days Seven Nights  ကားမှာ မင်းသား ဟဲရစ်ဆင်ဖို့ဒ်နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး အန်း ဟက်ချ် Anne Heche ဟာ လွန်ခဲ့တဲ့လေးရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံမှာ အသက်ရှုစက်တပ်ထားရဲ့အထိ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ရိုက်တာက ရေးပါတယ်။

အသက် ၅၃နှစ်အရွယ် ဟက်ချ်ဟာ ပြီးခဲ့တဲ့သောကြနေ့ နှောင်းပိုင်းမှာ သူမမောင်းနှင်လာတဲ့ကား အရှိန်မထိန်းနိုင်ဘဲ လော့အင်ဂျလိရဲ့ ဝက်ဆိုက်ရပ်ကွက်က အိမ်တစ်အိမ်ထဲ အရှိန်နှင့်ဝင်တိုက်မိပြီး မီးလောင်ခဲ့တယ်လို့ ရဲဌာနမှ သိရပါတယ်။

အိမ်ထဲက တစ်ဦးမျှ ဒဏ်ရာမရရှိကြဘဲ အိမ်ကတော့ မီးစွဲလောင်သွားခဲ့ကာ မီးသတ်သမား ဒါဇင်ကျော် လာရောက်မီးညှိမ်းသတ်ခဲ့ကြရပါတယ်။

ကားမတော်တဆမှုဖြစ်ပြီး သိပ်မကြာခင်ဘဲ ဟက်ချ်ဟာ သတိပြန်မရတော့ဘဲ ကိုမာ ဝင်သွားခဲ့ပါတယ်လို့ သူမကိုကိုယ်စားပြုထားတဲ့ အနုပညာရှင်တွေကို စီမံခန့်ခွဲပေးတဲ့ Zero Gravity Management က အဖွဲ့ဝင် မိုက်ကယ်မက်ကော်နယ်ကပြောပါတယ်။

အဲဒီကတည်းက သူမဟာ အတော်စိုးရိမ်ရတဲ့အခြေအနေရှိနေခဲ့ပါတယ် လို့ သူက ရိုက်တာကိုပြောပါတယ်။

သူမဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက လူရွှင်တော်အမျိုးသမီး Ellen DeGeneres နှင့် ချစ်ကြိုးသွယ်ခဲ့တယ်ဆိုပြီး အပျော်ဖတ် မီဒီယာတွေမှာ ခေါင်းစီးသတင်းတွေဖြစ်ခဲ့တာပါ။ အဲဒီတုန်းက DeGeneresဟာ သူမကိုယ်သူမ လိင်တူဆက်ဆံသူလို့ လူသိရှင် ကြားပြောထားတဲ့အချိန်ပါ။ သူတို့ခွာပြဲသွားကြပြီးနောက် ဟက်ချင်ဟာ ကင်မရာမင်း ကိုလလမင်း လက်ဖွန်နှင့်လက်ထပ်ပြီး နောက်ပိုင်း ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်သူမဟာ Men in Trees  ရုပ်သံအစီအစဉ်မှာ သူမနှင့်အတူတွဲဖက်ပါဝင်တဲ့ မင်းသား  James Tupper နှင့် အချိန်အတိုင်းအတာတစ်ခုအထိ  ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။

Source: Reuters

#Anne_Heche

#Anne_heche_Coma

#Anne_Heche_car_accident