#Health_Tips
Published 21 July 2022

 

သွေးပေါင်ချိန်ကျခြင်းက နှလုံးသွေးကြောလည်ပတ်မှုမှာ သိပ်ပြီးအန္တရာယ်မဖြစ်စေပေမယ့် မခံမရပ်နိုင်ခံစားရမှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

 

သွေးကျခြင်းအခြေအနေကြုံတွေ့ရပါက သတိလစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ မူးဝေခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ လက္ခဏာများခံစားရနိုင်ပါတယ်။

 

ဒီလိုသွေးကျလို့ဖြစ်တဲ့ လက္ခဏာတွေ ကြုံတွေ့လာရရင် သက်သာအောင်လုပ်ဖို့ နည်းလမ်းတွေ သိထားဖို့လိုအပ်ပါတယ်။

 

*ရေသည်သာအကောင်းဆုံး*
ဒီလိုအခြေအနေမျိုးမှာ ရေကအသင့်တော်ဆုံးဖြစ်နေပါတယ်။
အရည်တွေသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သွေးထုထည်ပမာဏများလာပါတယ်။

 

သောက်လိုက်တဲ့အရည်ထဲမှာ ဆိုဒီယမ်ပါဝင်မှုများတယ်ဆိုရင် သက်ရောက်မှုက နှစ်ဆအထိတက်သွားပါတယ်။

 

ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်အောင် ရေပုံမှန်သောက်ပေးပါ။

 

*ဆား*
ဆားဟာ သွေးပေါင်ချိန်ကျခြင်းကို အလျင်အမြန်သက်သာစေပါတယ်။
အငန်ဓာတ်က သွေးတိုးခြင်းကိုဖြစ်စေပေမယ့် သွေးကျနေတဲ့သူမှာတော့ သွေးပေါင်ချိန်ကို အလျင်အမြန်တိုးစေပါတယ်။

 

ဒါပေမဲ့ အလွန်အကြူးတော့မဖြစ်ပါစေနဲ့၊ ဆားများလွန်းရင် သွေးခဲစေပြီး ရေရှည်မှာ ခန္ဓာကိုယ်ထဲအရည်တွေ ကျန်ရှိနေနိုင်ပါတယ်။

 

*အသီးအနှံများ*
အသီးအနှံစားသုံးခြင်းဖြင့် သွေးပေါင်ကျခြင်းကို သက်သာစေပေမယ့် အသီးအနှံ အားလုံးတော့မဟုတ်ပါဘူး။

 

မုန်လာဉနီနဲ့ မုန်လာဉဝါတို့မှာ သကြား၊ ဗိုက်တာမင်၊ ပရိုတိန်းဓာတ်များ ကောင်းစွာပါဝင်ပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။

မနက်ပိုင်း ညနေပိုင်းတို့မှာ အစားမစားခင် ဖျော်ရည်အနေနဲ့သောက်သုံးနိုင်ပါတယ်။

 

ဒါ့အပြင် ပဲမျိုးစုံဟာလည်း ဗိုက်တာမင်-ဘီကြွယ်ဝစွာပါဝင်ပြီး သွေးပေါင်ချိန်ကျခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

 

*အနားယူခြင်းနှင့် အကြောလျှော့ခြင်း*
သွေးပေါင်ချိန်ကျတဲ့အခါ အရေးကြီးဆုံးက အနားယူဖို့ပါပဲ။

 

သွေးကျတဲ့အခါ အလွန်အမင်းနွမ်းနယ်တာကြောင့် အထိရောက်ဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းက အနားယူလိုက်ပါ။

 

ခဏတာဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်စက်သင့်ပါတယ်။

 

ဒါ့အပြင် အကြောလျှော့ခြင်းဖြင့် သွေးကျခြင်းကြောင့်ဖြစ်တတ်တဲ့ ကိုယ်ခန္ဓာမအီမသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

အိပ်နေရာကမထခင်မှာ အကြောလျှော့ခြင်း၊ ခြေထောက်နှိပ်နယ်ခြင်း၊ ခြေချောင်းများ လှုပ်ရှားခြင်းတို ပြုလုပ်သင့်ပါတယ်။

 

လေ့ကျင့်ခန်းအသင့်အတင့်လုပ်ခြင်းဖြင့်လည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

 

Source: Soo Healthy
#Yangon_Media_Group